News

POST TYPE

LATEST NEWS POST

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း၏ကမ်းလှမ်းမှုကို ဝီလျံပယ်ချခဲ့
14-Jul-2020

လန်ဒန်၊ ဇူလိုင် ၁၃

ချဲလ်ဆီးတောက်ပံကစားသမားဝီလျံသည် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း၏ကမ်းလှမ်းမှုကိုပယ်ချခဲ့ကြောင်း The Telegraph ကဖော်ပြခဲ့သည်။ 

ဘရာဇီးတောင်ပံကစားသမားသည် ယခုနွေရာသီတွင် ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအားအင်တာ မိုင်ယာမီအသင်းက မက်လောက်စရာကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းဘက်မှဝီလျံကို  ၃နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။  သတင်းများ၏အဆိုအရ အသက် ၃၁ နှစ်အရွယ်ဝီလျံသည် ချဲလ်ဆီး၏မြို့ခံပြိုင်ဘက် စပါးအသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်မှု  ရှိနေကြောင်းသိရသည်။ 

ချဲလ်ဆီးနှင့်စာချုပ်သစ်ကိစ္စဆွေနွေးမှုရပ်တန့်ခဲ့ခြင်းကြောင့် ဝီလျံအနေနှင့်လာမည့် ၃ ပတ်အတွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျကို ကျောခိုင်းရန် နီးစပ်လာပြီ ဖြစ်သည်။ 

အသင်းအနေနှင့် အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ရန်အတွက် အဓိကပစ်မှတ်ထားနေခြင်းကြောင့် ဝီလျံအားသက်တမ်းတိုးရေးကိစ္စကို အာရုံမစိုက်နိုင်သော်လည်း ၃ ပတ်ဆိုသည့်ပမာဏမှာ သက်တမ်းတိုးရေးအတွက်ဆွေးနွေးရန် လုံလောက်သည့် အချိန်ပမာဏဖြစ်နေဆဲဟု သုံးသပ်နေကြသည်။ 

ချဲလ်ဆီးဘက်မှ ဝီလျံကို ၂ နှစ် စာချုပ်သစ်ထပ်မံချုပ်ဆိုလိုသော်လည်း  ကစားသမားဘက်မှ ၃ နှစ်စာချုပ်ကိုအလို ရှိခြင်းကြောင့် ဆွေးနွေးမှု ပျက်ပြယ်ထားခဲ့သည်။                       

ငြိမ်းပြည့်