News

POST TYPE

LATEST NEWS POST

ဘာစီလိုနာနည်းပြထိုင်ခုံတွင် ဇာဗီကို အနှေးနှင့်အမြန်မြင်တွေ့ရလိမ့်မည်ဟု အသင်းဥက္ကဋ္ဌ ဘာတိုမြူဝန်ခံ
14-Jul-2020


ဘာစီလိုနာ ၊ဇူလိုင် ၁၃

လာမည့်ရာသီအတွက် လက်ရှိနည်းပြ ဆက်တီယန်ကိုဆက်လက်ထောက်ခံသွားမည်ဖြစ်သော်လည်း ဘာစီလိုနာနည်းပြထိုင်ခုံတွင် ကွင်းလယ်လူဟောင်း ဇာဗီကိုအနှေးနှင့်အမြန် မြင်တွေ့ရလိမ့်မည်ဟု အသင်းဥက္ကဋ္ဌဘာတိုမြူက ဝန်ခံလိုက်ကြောင်း Goal.com ကဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် နည်းပြဆက်တီယန်လက်အောက်တွင် ရုန်းကန်နေရပြီး ယခုရာသီတွင်လာလီဂါချန်ပီယံဆုနှင့်ခွဲချော်ရန် နီးစပ်နေသည်။ ထို့ကြောင့်ရာသီသစ်တွင် ဇာဗီကိုနည်းပြသစ်အဖြစ်ခန့်အပ်လိမ့်မည်ဟု သတင်းများကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သော်လည်း ယင်းကိစ္စအတွက် ဆွေးနွေးနေဆဲဖြစ်သည်ဟု ဘာတိုမြူကဆိုခဲ့သည်။ 

“ဇာဗီဟာဘာစီလိုနာနည်းပြအနှေး နဲ့အမြန် ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့အခုအချိန်မှာတော့ ကျွန်တော်တို့ဟာနည်းပြတစ်ယောက် ရှာဖွေနေတာမျိုးမရှိဘဲ ဆက်တီယန်နဲ့အတူရှိနေပါတယ်။ ဆက်တီယန်ဟာ ချန်ပီယံလိဂ်နဲ့လာလီဂါလက်ကျန် ပွဲတွေကို တာဝန်ယူမှာပါ။ ကျွန်တော်တို့ဟာ ပုံမှန်မဟုတ်တဲ့ရာသီတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပြီး ဩဂုတ်လမှာ ကစားရဦးမှာဖြစ်သလို ဆက်တီယန်က နည်းပြအဖြစ် ရှိနေဦးမှာပါ။ နာပိုလီကိုကျော်လွှားနိုင်မယ်ဆိုရင်ကျွန်တော်တို့ လစ္စဘွန်းကိုသွားရဦးမှာပါ။ လာမယ့်ရာသီသစ် အစီအစဉ်တွေအကြောင်းကို ပြောဖို့ကျွန်တော်တို့ ဆက်တီယန်ရဲ့အိမ်ကို သွားခဲ့ပါတယ်။ သူအသင်းမှာရှိကောင်း ရှိနေဦးမှာပါ”ဟု ဘာတိုမြူက ဝန်ခံပြောဆိုခဲ့သည်။

ငြိမ်းပြည့်