News

POST TYPE

LATEST NEWS POST

လိုအပ်သည့်အကူအညီများ အခမဲ့ရှာဖွေပေးမည့် ကူမယ်အဖွဲ့အစည်းတည်ထောင်
13-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၃

စေတနာ့ဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းများအတွက် လိုအပ်သည့်အကူအညီများကို တစ်နေရာတည်းတွင် အခမဲ့ရှာဖွေနိုင်သည့် ကူမယ်အဖွဲ့အစည်းကို စတင်တည်ထောင်လိုက်ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရသည်။

ကူမယ်သည် စေတနာ့ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် ဝါသနာကိုအခြေပြု၍ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် အချို့ပရောဂျက်များ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ရှာဖွေချိတ်ဆက်ပေးသည့် ပထမဆုံးအဖွဲ့အစည်းဖြစ်သည်။

စေတနာ့ဝန်ထမ်းလိုအပ်နေသည့် လူမှုရေးအဖွဲ့အစည်းများကို အချိန်နှင့်တစ်ပြေးညီဖော်ပြပေးခြင်း၊ စေတနာ့ဝန်ထမ်း လုပ်ကိုင်ချင်သူများကလည်း တစ်နေရာတည်းတွင်ဝင်ရောက်၍ လွယ်ကူစွာရှာဖွေလျှောက်ထားနိုင်ကာ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကိုလည်း ဆိုရှယ်မီဒီယာများတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စေတနာ့ဝန်ထမ်းနှင့် ဒေသခံလူမှုအဖွဲ့အစည်းများအတွက် လိုအပ်နေသည့်အကူအညီများကို အခမဲ့ရှာဖွေပေးသည့် Web Based အဖွဲ့အစည်းတစ်ခုဖြစ်ကာ လူမှုရေးအဖွဲ့အစည်းများနှင့် Volunteer များကြားထဲတွင် ထိထိရောက်ရောက် ချိတ်ဆက်ဆောင်ရွက်ပေးမည့်ကြားခံအဖွဲ့အစည်းတစ်ခုဖြစ်သည်။

S-07