News

POST TYPE

LATEST NEWS POST

တပ်မြေကျူးကျော်နေထိုင်သည်ဟုဆိုကာ ရွာသား ၁ဝဝ ကျော်တရားစွဲခံရ
13-Jul-2020


မန္တလေး၊ ဇူလိုင် ၁၂

တပ်မတော်ပိုင်မြေတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာနှင့်ငွေတောင်ကျေးရွာမှဒေသခံ ၁ဝ၅ ဦးသည် ဇူလိုင်လ ၁၃ ရက်နေ့က စဉ့်ကူးမြို့နယ်တရားရုံး၌ တရားစွဲဆိုခံခဲ့ရသည်။

တပ်မတော်ပိုင်မြေ ၂ဝ၉၁ ဧကေတွင် ကျူးကျော်နေထိုင်သည့်အတွက် တပ်မတော်ပိုင်မြေပေါ်မှ ဖယ်ရှားပေးရန် နို့တစ်စာ သုံးကြိမ်ပေးခဲ့ပြီးဖြစ်သော်လည်း ဖယ်ရှားထွက်ခွာပေးခြင်းမရှိခြင်းမရှိသဖြင့် ယခုကဲသို့ အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားလိုဖြစ်သည့် အမှတ် ၁၂၁ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်မှဗိုလ်ကြီးဇော်ဝင်းနိုင်က ပြောကြားသည်။    

တရားလိုဘက်မှ တရားစွဲဆိုထားသည့်ကိစ္စနှင့်ပတ်သက်၍ ကျေးရွာသူ၊ကျေးသားများကို တရားရုံးသို့ဆင့်ခေါ်ရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဆေးခြင်း မရှိသေးကြောင်း စဉ့်ကူးမြို့နယ်တရာရုံး သတင်းနှင့်ပြန်ကြားရေအရာရှိ ဦးစိုးလှိုင်ထွန်းက ပြောဆိုသည်။

ယင်းသို့ တရားစွဲဆိုထားမှုကို ဇူလိုင်လ ၂၈ သို့ စဉ့်ကူးမြို့နယ်တရာရုံးက ထပ်မံချိန်းဆိုခဲ့သည်။

တပ်မတော်ဘက်မှ တရားစွဲဆိုထားသည့်မြေနေရမှာ ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် ဒေသခံများအနေနှင့် ဆက်လက်ရင်ဆိုင် မည်ဖြစ်ကြောင်း ငွေတောင်ကျေးရွာတာဝန်ခံ ဦးနိုင်နိုင်ထွန်းက ပြောကြားသည်။

စဉ့်ကူးမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ငွေတောင်ကျေးရွာရှိ ဦးပိုင်အမှတ် ၄၊ ကွင်းအမှတ် ၃၉ ဧရိယာ ၇၃ဒသမ ၆၂ ဧက၊ ကွင်းအမှတ် ၄ဝ ဧရိယာ ၁၄၅ ဒသမ ၃၇ဧက ၊ညောင်ဝန်းကျေးရွာရှိ ကွင်းအမှတ် ၄၁ ဧရိယာ ၁၁ဝ၂ဒသမ၂၁ဧက ၊ ကွင်းအမှတ် ၄၂ ဧရိယာ ၂၉၃ ဒသမ ၄၂ ဧက၊ ကွင်းအမှတ် ၄၃ ဧရိယာ ၄၇၆ဒသမ၃၈ဧက ရှိလယ်မြေတို့သည် ၁၉၇၃ ခုနှစ်မှစ၍ အမှတ် ၁၂၁  ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမြေအဖြစ် စတင်လုပ်ဆောင်ခဲ့ကြောင်း ယင်းတပ်ထံမှသိရသည်။

၂ဝ၁၄ ခုနှစ် သြဂုတ်လအတွင်းကလည်း ယင်းနေရာရှိမြေယာအငြင်းပွားမှုမှတစ်ဆင့်ရဲတပ်ဖွဲ့ဝင်များနှင့်ညောင်ဝန်းကျေးရွာ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် တပ်ဖွဲ့ဝင်များမှာ ညောင်ဝန်းကျေးရွာသားများ၏ ဖမ်းဆီးချုပ်နှောင်မှုခံခဲ့ရသည်။ 

S-02