News

POST TYPE

LATEST NEWS POST

ဥပဒေအထောက်အကူပြုလုပ်ငန်းစဉ်များ လက်တွေ့အသုံးပြုစာအုပ်နှင့် လက်ကမ်းစာစောင်များ လှူဒါန်း
12-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၁

ဥပဒေအထောက်အကူပြု လုပ်ငန်းများတွင် လက်တွေ့အသုံးပြုရန် လိုအပ်သည့်စာအုပ်များနှင့် လက်ကမ်းစာစောင်များကို USAID-PRLM က ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း USAID ထံမှ သိရသည်။

“ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးဥပဒေနှင့် နည်းဥပဒေစာအုပ် တွေကို ဆက်စပ်တဲ့ဌာနတွေဖြစ်တဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ရှေ့နေချုပ် ရုံး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အပါအဝင် အခြားဆက်စပ်နေတဲ့ ဦးစီးဌာနများကို တတ်နိုင်သမျှ ပေးအပ်သွား မှာဖြစ်ပြီး လက်ကမ်းစာစောင်များကိုလည်း ပြည်သူတွေကိုဝေငှသွားမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ အတွင်းရေးမှူး ဦးအောင်ဇော်မျိုးက ပြောဆိုသည်။ 

၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ် တော်က ဥပဒေအမှတ် ၁၀/၂၀၁၆ ဖြင့် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၄၈ ခုပါဝင်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေနှင့် နည်းဥပဒေ (အင်္ဂလိပ်-မြန်မာ) ဘာသာပြန်အုပ်ရေ ၁၀၀၀၊ အင်ဒိုနီးရှား နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ပြဋ္ဌာန်း အသုံးပြုလျက်ရှိသည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေနှင့် နည်း ဥပဒေများစာအုပ် အုပ်ရေ ၁၀၀၊ ပြည် ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးဥပဒေ၊ နည်းဥပဒေ (မြန်မာ ဘာသာဖြင့်) အုပ်ရေ ၁၀၀၀၊ ပြည် ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့နှင့် ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ အဆင့်ဆင့်များတွင် ဝန်ဆောင်မှုပေးရန်အတွက် အသုံးပြုရန် လိုအပ်သောလက်ကမ်းစာစောင်ရွက်ရေ ၃၀,၀၀၀ တို့ကို USAID-PRLM က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့သည်။ 

မြန်မာနိုင်ငံအတွင်းရှိ ဆင်းရဲနွမ်း ပါးသော တရားစွဲဆိုခံရသည့် ပြည်သူများအတွက် ဥပေဒအကျိုးဆောင်လုပ်ငန်းများနှင့် ဥပဒေအကြံပေးလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိ၍ ယနေ့အထိ အမှုပေါင်း ၂၂၁ မှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံမှ သိရသည်။

J-03