News

POST TYPE

LATEST NEWS POST

ဘားအံ တောင်ဝိုင်းတောင် လှေကားကြံ့ခိုင်မှု ပြည်နယ်အစိုးရ စစ်ဆေး
12-Jul-2020


တောင်ငူ၊ ဇူလိုင် ၁၁

ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ဝိုင်းတောင်လှေကားထစ်များ ကြံ့ခိုင်မှုအခြေအနေကို လူမှုကွန်ရက်စာမျက်နှာ တွင် ထောက်ပြဝေဖန်မှုများ ထွက်ပေါ်လာ ပြီးနောက် အဆိုပါလှေကား၏ ကြံ့ခိုင်မှုအခြေအနေကို ပြည်နယ်အစိုးရက စစ်ဆေးနေသည်ဟု ပြည်နယ်အုပ်ချုပ်ရေး မှူးရုံးမှ ညွန်ကြားရေးမှူး ဦးကျော်သက်က ပြောကြားသည်။

“စစ်ဆေးမှုတွေပြီးရင်တော့ ဇွဲကပင်ဆရာတော်ကို လျှောက်ထားတင် ပြမှာပါ။ တကယ်လို့ ပြင်ဆင်ဖို့လိုအပ်တယ်ဆို ဆရာတော်က ဆောင်ရွက်မလား၊ ပြည်နယ်အစိုးရက လုပ်ပေးရမလားဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုဗစ်-၁၉ ကူးစက်မှုအပေါ် ပြည်သူများ စိုးရိမ်ပူပန်မှုအနည်းငယ်လျော့ကျ လာသည့် ဇူလိုင်လဆန်းကစ၍ ဇွဲကပင်တောင်၊ ကြာအင်းတောင်နှင့် တောင်ဝိုင်း တောင်တို့သို့ ခရီးသွားများလာရောက် လည်ပတ်မှုများခဲ့၍ ယခုကဲ့သို့ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ဝိုင်းတောင်တွင် တပ်ဆင်ထားသည့် သံဖရိန်လှေကားထစ်များ၏ ကြံ့ခိုင်မှုသည် လာရောက်လည်ပတ်သူ အရေအတွက်နှင့်မမျှတသဖြင့် ဘေး အန္တရာယ်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

လွန်ခဲ့သည့်လေးရက်က လှေကားထောက်များ ကြံ့ခိုင်မှုအားနည်းနေမှုကို ပြသသည့်ဓာတ်ပုံများ လူမှုကွန်ရက်တွင် တက်လာပြီးနောက် ယခုကဲ့သို့ စစ်ဆေး နေခြင်းလည်းဖြစ်သည်။

“မနေ့က မနက်စောစောတက်တော့ လူသိပ်မရှိဘူး။ ပြန်ဆင်းလာတော့ မနည်းတိုးရတယ်” ဟု ဇူလိုင်လ ၉ ရက် နေ့က တောင်ဝိုင်းတောင်ပေါ်သို့ တက် ရောက်ခဲ့သူ ဒေါက်တာရဲလင်းက ပြောကြားသည်။

ဘားအံအနီးတစ်ဝိုက်ရှိ ကြာအင်းတောင်၊ ဇွဲကပင်တောင်နှင့်တောင်ဝိုင်း တောင်တို့သည် ကိုဗစ်ကာလဖြစ်နေသော်လည်း လာရောက်လည်ပတ်သူ များနေပြီး တောင်ဝိုင်းတောင်ပေါ်တက်မည်ဆိုပါက မိနစ်၃၀ ခန့်သာကြာမြင့်ကာ လှေကားများသည် သံဖရိန်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

R-02