News

POST TYPE

LATEST NEWS POST

အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများ အခမဲ့အွန်လိုင်းသင်တန်း စက်တင်ဘာအထိပို့ချမည်
11-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၁

ယူကေနိုင်ငံကပံ့ပိုးထားသည့် DaNa Facility နှင့် BoP Innovation Centre တို့ပူးပေါင်း၍ Covid-19 ကပ်ရောဂါကာလအတွင်း ပို့ချလျက်ရှိသည့် မြန်မာနိုင်ငံအတွင်းရှိ အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများ အခမဲ့အွန်လိုင်းသင်တန်းကို စက်တင်ဘာလ ၂၀ ရက်နေ့အထိ ရက်တိုးပို့ချပေးမည်ဖြစ်ကြောင်း DaNa Facility ထံမွ သိရသည်။

ဧပြီလကုန်က စတင်ပို့ချခဲ့သည့်အွန်လိုင်းသင်တန်းကို အစိုးရနှင့် ပုဂ္ဂလိကကဏ္႑မှတာဝန်ရှိသူပေါင်း ၈၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြပြီး အွန်လိုင်းသင်တန်းတွင် Covid-19 အခြေအနေနှင့်ကိုက်ညီမှုရှိသည့် နောက်ဆုံးမိုင်ဖြန့်ဖြူးခြင်း (Last Mile Distribution) ကိုသင်ရိုးအသစ်အပိုင်းလေးအဖြစ် ထည့်သွင်းရေးဆွဲထားကာ နောက်ဆုံးမိုင်သည် ဝင်ငွေနိမ့်ပါးခြင်း သို့မဟုတ် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်နေထိုင်ခြင်း သို့မဟုတ် နှစ်ခုလုံးဖြစ်နေခြင်းတို့ကြောင့် သမားရိုးက် ပုဂ္ဂလိကကဏ္႑၏ ဝန်ဆောင်မှုများကို အလုံအလောက်မရရှိသူများဖြစ်ကြောင်း သိရသည်။

အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများတွင် အခြေခံလူတန်းစားများပါဝင်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုများမှ အကျိုးခံစားခွင့်ရရှိနိုင်ရန် အခွင့်အလမ်းများဖန်တီးပေးပြီး နောက်ဆုံးမိုင်ဖြန့်ဖြူးခြင်းက စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အစိုးရဌာနများအနေဖြင့် ဒေသခံအသိုင်းအဝိုင်းများနှင့် အခြေခံလူတန်းစားများ၏ဈေးကွက်များတွင် ဖြန့်ချိခြင်းမှတစ်ဆင့် ဈေးကွက်သစ်များအတွင်း လူသိများအောင် ဖန်တီးနိုင်မည့် အရောင်းအင်အားစုများကို တည်ထောင်နိုင်ကြောင်း သိရသည်။

"သင်ရိုးသစ်မှာ ကျွန်မတို့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လက်လီကဏ္႑ဖြန့်ချိရေး ပါဝင်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သင်တန်းမှာပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ"ဟု City Mart Holdings ကုမ္ပဏီမှ Sustainability Manager ဒေါ်တာယာအံ့ကြည်က ပြောကြားသည်။

အွန်လိုင်းသင်တန်းကို သင်ရိုးလေးခုနှင့်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံတွင် အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းမျာ၏ အလားအလာ၊ အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းပုံစံရေးဆွဲနည်း၊ အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းအတွက် မိတ်ဖက်ဆောင်ရွက်မှုနှင့် နောက်ဆုံးမိုင်ဖြန့်ဖြူးခြင်းတို့ ပါဝင်ကြောင်း DaNa Facility ထံမွ သိရသည်။

သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေနှင့် Myanmar Inclusive Business Online Course တွင် အခမဲ့စာရင်းပေးသွင်းသင်ယူနိုင်ကြောင်း သိရသည်။

S-07