News

POST TYPE

LATEST NEWS POST

စာချုပ်သက်တမ်းကုန်ချိန်တွင် အာဆင်နယ်ကို အိုဇေးလ် စွန့်ခွာရန်စဉ်းစားထား
10-Jul-2020


လန်ဒန်၊ ဇူလိုင် ၉

အာဆင်နယ်ကွင်းလယ်လူအိုဇေးလ်သည် အသင်းတွင် စာချုပ်ကုန်ချိန်အထိဆက်နေပြီး လာမည့်နွေရာသီအရောက်တွင် တူရကီနှင့် အမေရိကသို့ပြောင်းရွှေ့ရန် စိတ်ပိုင်းဖြတ်ထားကြောင်း The Sun က ဖော်ပြခဲ့သည်။ 

အိုဇေးလ်သည် အာဆင်နယ်အသင်းတွင် လစာငွေအမြင့်ဆုံး ကစားသမားအဖြစ်တစ်ပတ်လုပ်ခပေါင် ၃၅၀,ဝ၀ဝ ရရှိနေသူ ဖြစ်သော်လည်း နည်းပြအာတီတာအနေနှင့်ကိုရိုနာအလွန်ပြန်လာသည့် ပွဲစဉ်များတွင် ဂျာမနီကွင်းလယ်လူဟောင်းကို ပွဲထွက် အသုံးပြုခြင်းမရှိသေးပေ။ 

သတင်းများ၏အဆိုအရ အိုဇေးလ်သည် ယခုနွေဈေးကွက်တွင် အာဆင်နယ်ကို စွန့်ခွာရန်မစဉ်းစားဘဲ လာမည့်နှစ်ရောက်မှသာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်စဉ်းစားလျက်ရှိသည်။ 

တူရကီသမ္မတအာဒိုဂန်နှင့်ယှဉ်တွဲ နေသည့်ပုံရိပ်များ ထွက်ပေါ်လာခဲ့ပြီးနောက် ဂျာမနီပရိသတ်များ၏အမုန်းပွားခြင်းကို ခံထားရပြီး လက်ရွေးစင်အသင်းမှဖယ်ထုတ်ခံထားရသည့် အိုဇေးလ်သည် ဘွန်ဒက်စ်လီဂါသို့ပြန်လည်သွားရောက်ရန် အစီအစဉ်မရှိပေ။ 

၎င်းနှင့်နီးစပ်သောသူငယ်ချင်းများ၏ ပြောဆိုချက်အရ အိုဇေးလ်သည် တူရကီနှင့် မေဂျာလိဂ်တွင်သာ အခြေချရန် စဉ်းစားထားကြောင်းသိရသည်။ 

အိုဇေးလ်သည် ယခုရာသီတွင်ကွင်း တွင်းစွမ်းဆောင်ရည်အပြင် ကွင်းပြင်ပုံရိပ်ပါ ကျဆင်းလာခဲ့ပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးနှင့် ဖန်တီးမှု ၂ ကြိမ်သာ လုပ်ထားနိုင်သည်။      

ငြိမ်းပြည့်