News

POST TYPE

LATEST NEWS POST

အွန်လိုင်းသင်ကြားရေးစတင်ပါက အမေရိကန်တွင်ကျောင်းတက်နေသူများနိုင်ငံအတွင်းမှ ထွက်ခွာရမည်
08-Jul-2020
ရန်ကုန်၊ ဇူလိုင် ၇

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် အွန်လိုင်းသင်တန်းများ ပြောင်းလဲသင်ကြားမည်ဆိုပါက ပြည်ပနိုင်ငံမှလာရောက်၍ ပညာသင်ကြားနေသော ကျောင်းသားများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်တွင် အမေရိကန်လူဝင်မှု ကြီးကြပ်ရေး ICE (Immigration and Customs Enforcement) က ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် ကိုဗစ်-၁၉ကူးစက် ရောဂါပိုးကြောင့် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် အွန်လိုင်းသင်တန်းများ သင်ကြားရန် စတင်အကောင်အထည်ဖော်လျက်ရှိပြီး ယင်းသို့အကောင်အထည်ဖော်ရာတွင်  ပြည်ပနိုင်ငံများမှတက်ရောက်နေသော ကျောင်းသားများအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ICE (Immigration and Customs Enforcement) က ထုတ်ပြန်ထားသည်။

လက်ရှိတွင် အမေရိကန်တွင်ကျောင်းတက်ရောက်နေသည့် မြန်မာကျောင်းသား တစ်ထောင်ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

တက္ကသိုလ်များတွင်အွန်လိုင်းစနစ် စတင်သင်ကြားမည်ဆိုပါက ကျောင်းဝင်းအတွင်း နေထိုင်ကြသောကျောင်းသားများပါ ထွက်ခွာပေးရမည်ဖြစ်ပြီး ပြည်ပနိုင်ငံများမှတက်ရောက်နေသော ကျောင်းသားများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရမည်ဖြစ်ကာ မထွက်ခွာပေးပါက ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

အလားတူ အွန်လိုင်းသင်တန်းများမှာ တက်ရောက်နေသော ကျောင်းသားများကိုလည်း ပြည်ဝင်ခွင့်ပေးမည်မဟုတ်ဘဲ ယခင်အမေရိကန် ပြည်ထောင်စုရှိ အွန်လိုင်းသင်ကြားရေးစနစ်နှင့် လူကိုယ်တိုင်တက်ရောက်သင်ကြားနိုင်သောစနစ်ကို အသုံးပြုသောတက္ကသိုလ်ကို ြွခင်းချက်အနေဖြင့် သတ်မှတ်ပေးထားကြောင်း ICE (Immigration and Customs Enforcement) က ထုတ်ပြန်ချက်အရသိရသည်။

အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ်၊ ကောလိပ်နှင့်ကျောင်းပေါင်း ၇၈၀ဝ ကျော်တွင် ပြည်ပမှ ပညာလာရောက် သင် ကြားနေသောကျောင်းသား၊ ကျောင်းသူပေါင်း ၁ ဒသမ၂ သန်းခန့်ရှိကြောင်း Migration Policy Institute စစ်တမ်းအရသိရသည်။

လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုအတွင်း ကိုဗစ်-၁၉ ကူးစက် ရောဂါဖြစ်ပွားသူ ၃ သန်းကျော်ရှိပြီး သက်သာပျောက်ကင်းသူ ၁ သန်းကျော်ရှိ၍ သေဆုံးသူတစ်သိန်းကျော်အထိ ရှိထားသည်။                         
J-02