News

POST TYPE

LATEST NEWS POST

လက်ဝဲစွန်းဝါဒီများကို ချေမှုန်းပစ်မည်ဟု လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်ပြောကြား
06-Jul-2020


ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၅

တိုင်းပြည်တွင်းဆန္ဒပြမှုများပျံ့နှံ့နေစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်ဝဲစွန်းဝါဒီများကို ချေမှုန်းပစ်မည်ဟု ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူအုပ်ကြီးများက သမိုင်းဝင်ပုဂ္ဂိုလ်ရုပ်တုများကို ဖြိုဖျက်နေမှုများဖြစ်နေစဉ် ,အမေရိကန်တို့ရဲ့ ဘဝနေထိုင်မှုကို ထိန်းသိမ်းဖို့ တိုက်ပွဲဝင်သွားမည်, ဟု မစ္စတာထရမ့်က တင်းတင်းမာမာပြောကြားလိုက်သည်။

သမ္မတမိန့်ခွန်းမတိုင်ခင် လူမည်းများ၏အသက်လည်းအရေးပါသည် Black Lives Matter ဆန္ဒပြပွဲကလည်း အနီးအနားတွင် ဖြစ်ပွားခဲ့သေးသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတထရမ့်၏ ပြိုင်ဘက်ဖြစ်သော ဂျိုးဘစ်ဒင်က လူတိုင်းသည်အမေရိကန်အိပ်မက် ခေါ် ပန်းတိုင်ရည်ရွယ်ချက်ကို မျှတစွာရယူခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။ 

ဇူလိုင်လ ၄ ရက်နေ့ကို အားလပ်ရက်အဖြစ် သတ်မှတ်ထားကာ ၁၇၇၆ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေး ကြေညာခဲ့သည့်နေ့ဖြစ်သည်။ 

အမေရိကန်သမ္မတအဆက်ဆက်သည် အဆိုပါနေ့မျိုးတွင် မိန့်ခွန်းများ ပြောလေ့ရှိကာတိုင်းပြည်၏ ညီညွတ်ရေးစိတ်ဓာတ်ကို လှုံ့ဆော်လေ့ရှိသည်။

ပြီးခဲ့သည့်နှစ်က ဒေါ်နယ်ထရမ့်၏ပြောကြားချက်များသည် အမေရိကန်၏ အမွေအနှစ်များကို ပြောခဲ့ပြီး၊ လေကြောင်းပျံသန်းပြခြင်း၊ တင့်ကားများဖြင့် စစ်ရေးပြခြင်းများပြုလုပ်ခဲ့သည်။ 

ယခုနှစ်တွင်လည်း ထရမ့်ကမိန့်ခွန်းပြောစဉ် ကောင်းကင်ယံတွင် တိုက်လေယာဉ်များ ပျံသန်းစစ်ရေးပြခဲ့ကာ B-52 ဗုံးကြဲလေယာဉ်များ၊ F-35 ဖိုက်တာဂျက်များ ပျံသန်းခဲ့ကြသည်။ 

အာဖရိကန်-အမေရိကန်အမျိုးသား ဂျော့ဖလွိုက်အသတ်ခံရပြီးနောက် လမ်းမပေါ်ထွက်လာပြီး ဆန္ဒပြကြသူများကို မျိုးချစ်စိတ်မထားကြသူများအဖြစ် ထရမ့်ကရည်ရွယ်ပြောကြားသွားခဲ့သေးသည်။ 

"ကျွန်တော်တို့ဟာ ယခုလိုအချိန်မှာ လက်ဝဲစွန်းရောက်တွေ၊ မင်းမဲ့ဝါဒီတွေ၊ လုယက်ဆူပူတွေ၊ ကိုယ်ဘာလုပ်လို့လုပ် နေမှန်းမသိတဲ့သူတွေကို ချေမှုန်းနေရပါတယ်" ဟု ထရမ့်ကပြောကြားခဲ့သည်။ 

F-02