News

POST TYPE

LATEST NEWS POST

COVID-19 ကုသဆေး Remdesivir ဆေးများ အကုန်နီးပါး အမေရိကန်ဝယ်ယူ
02-Jul-2020

Ebola ကုသရန် ထုတ်ထားသော ဆေးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကိုလည်း သတ်နိုင်ကြောင်း အမေရိကန် အစိုးရက အတည်ပြုထားသည်

နယူးယောက်၊ ဇူလိုင် ၁

ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလတို့အတွက် သိုလှောင်ထားသော COVID-19 ကုသဆေး Remdesivir ကုသဆေးများအားလုံး၏ ၉၀ ရာခိုင်နူန်းကို အမေရိကန်အရာရှိများက ဝယ်ယူသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ 

Ebola ကို ကုသရန်အတွက် ထုတ် လုပ်ထားသော Remdesivir ဆေးကို အမေရိကန် ဆေးထုတ်ကော်ပိုရေးရှင်း Gilead Sciences က ထုတ်ထားခြင်းဖြစ်ကာ အဆိုပါဆေးကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေးနှစ်မျိုးအနက်တစ်မျိုးအဖြစ် သတ်မှတ်ထားသည်။ 

ချမ်းသာသောနိုင်ငံများတွင် အဆိုပါဆေးကို လူနာတစ်ဦးစာအတွက် ဒေါ်လာ ၂၃၄၀ ဖြင့် ဈေးနူန်းသတ်မှတ် ရောင်းချလျက် ရှိသည်။ 

ယခုအခါ အဆိုပါ ကုမ္ပဏီက ၎င်း၏ ဆေးဝါးအားလုံးနီးပါးကို လာမည့် သုံးလစာအတွင်း အမေရိကန်သို့ ရောင်းချရန် သဘောတူညီလိုက်ပြီ ဖြစ်သည်။

ယင်းသို့ ဝယ်ယူသွားလိုက်ခြင်း ကြောင့် Remdesivir ကို ဗြိတိန်၊ ဥရောပ တို့တွင် အောက်တိုဘာလမှ ဝယ်ယူရနိုင်မည့် သဘောဖြစ်ကြောင်း လီဗာပူးတက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာ အန်ဒရူးဟေးလ်က ပြောကြားသည်။ 

အမေရိကန်၏ ယခုဆောင်ရွက်ချက်၏ အဓိပ္ပါယ်မှာ ဗြိတိန်ရှိ COVID-19 ရှိသူများ ဆေးရုံမှ အမြန်ဆင်းရကာ၊ ရောဂါသက်သာ ပျောက်ကင်းနိုင်ခြေ တိုးတက်မည့် အဆိုပါ ကုသဆေးကို မရနိုင်တော့သည့် သဘောဖြစ်သည်ဟု ဆိုထားသည်။ 

နဘသေူ ကို ကုသရန်အတွက် ထုတ်ထားသော အဆိုပါဆေးသည် COVID-19 ကိုလည်း ကုသနိုင်ကြောင်း အမေရိကန် FDA က စတင်အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဆေးကို ဗြိတိန်တွင် အသုံးပြုရာမှာလည်း ဆေးအာနိသင်က ပျောက်ကင်းနိုင်ကြောင်း သက်သေထူခဲ့ပြီဖြစ်သည်ဟု ဒေါက်တာဟေးလ်က ဆိုသည်။

စုစုပေါင်း ကုသဆေးအစုံ ငါးသိန်းကို အမေရိကန်ပြည်ထောင်စုက ဝယ်ယူခဲ့ရာ အခြားတိုင်းပြည်များ ဝယ်ခွင့်မရတော့ကြောင်း Aljazeera သတင်းဌာနကလည်း ဖော်ပြရေးသားထားသည်။ 

ဇူလိုင်လအတွက် ထုတ်လုပ်ထား သမျှဆေးအားလုံးနှင့် သြဂုတ်၊ စက်တင် ဘာတို့အတွက် ထုတ်လုပ်မှု ၉၀ ရာခိုင်နူန်းကို ဝယ်သွားခြင်းဖြစ်သည်။

F-02