News

POST TYPE

LATEST NEWS POST

ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ သုံးလပတ်အစီရင်ခံစာကို ပုံစံအသစ်ဖြင့် ပြောင်းလဲတင်ပြရမည်
02-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီများအနေနှင့် သုံးလပတ်အစီရင်ခံစာ (ပုံစံ-၁၀) ကို အသစ်ဖြင့် ပြောင်းလဲတင်ပြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ထံမှ သိရသည်။

ခွင့်ပြုမိန့်/အတည်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီများအားလုံး လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန်ရည်ရွယ်၍ သုံးလပတ်အစီရင်ခံစာ (ပုံစံ-၁၀) ကို ပြောင်းလဲပြင်ဆင်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မတ်လအထိစမ်းသပ်ကာလ သုံးလအဖြစ်သတ်မှတ်ကာ ကောင်မရှင်က စမ်းသပ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၁၉၇ အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်သို့ သုံးလပတ်အစီရင်ခံစာ တင်ပြရာတွင် ဇူလိုင်လမှ စက်တင်ဘာလ အထိ တင်ပြမည့် သုံးလပတ်အစီရင်ခံစာမှ စတင်၍ ပုံစံ-၁၀ အသစ်ဖြင့် ပြောင်းလဲတင်ပြရန် အသိပေးထားကြောင်း သိရသည်။

သုံးလပတ်အစီရင်ခံစာ ပုံစံ-၁၀ အသစ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် www.dica.gov.mm တွင် ဖော်ပြထားပြီး ပုံစံ-၁၀ တင်ပြခြင်းနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာပြောင်းလဲခြင်းရှိ ပါက ကော်မရှင်ကအသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်အနေနှင့် ကုမ္ပဏီအွန်လိုင်းမှတ်ပုံ တင်စနစ် (Myanmar Companies Online -MyCO) ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က စတင်ကျင့်သုံးခဲ့ ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် အွန်လိုင်းစနစ် ဖြင့် မှတ်ပုံတင်ထားသည့်ကုမ္ပဏီစုစုပေါင်း ၆၇,၂၅၂ ရှိကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

S-07