News

POST TYPE

LATEST NEWS POST

Viber က Facebook နှင့် စီးပွားရေးလုပ်ဆောင်ချက်များ ဖျက်သိမ်း
30-Jun-2020
ရန်ကုန်၊ ဇွန် ၃၀

Facebook ၏ အချက်အလက်များ ချိုးဖောက်ခြင်း၊ အမုန်းစကားဖြန့်ဖြူးခြင်းကို တိုက်ဖျက်တားဆီးရန် ပျက်ကွက်ခြင်းတို့ကြောင့် Viber က သင့်လျော်သည့် စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ပြီး ကြော်ငြာကိစ္စများ ရပ်ဆိုင်းကာ စီးပွားရေးလုပ်ဆောင်ချက်များ ဖျက်သိမ်းမည်ဖြစ်ကြောင်း Viber က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယင်း Messaging App သည် Facebook ကို သပိတ်မှောက်။ ဆန့်ကျင်ဆန္ဒပြသည့် #StopHateForProfit ကို အရှိန်မြှင့်လုပ်ဆောင်၍ Facebook နှင့်ချိတ်ဆက်ပြီးအသုံးပြုမှုများ၊ Facebook ဆိုင်ရာ ဆော့ဖ်ဝဲလ်ဖန်တီးမှုကိရိယာများနှင့် GIPHY လုပ်ဆောင်ချက်များ ဖယ်ရှားခြင်းနှင့်အတူ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ကြော်ငြာအသုံးစရိတ်များ ရပ်တန့်လိုက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကတွင် နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ချုပ်နှင့် NAACP  တို့အပါအဝင် အဖွဲ့အစည်း ၆ ခုပါဝင်သည့်အုပ်စုသည် Facebook အနေနှင့် အသုံးပြုသူများအပေါ် အမုန်းစကားရန်မှ ကာကွယ်မှုမပေးနိုင်ခြင်းကြောင့် Facebook တွင် ကြော်ငြာထည့်သွင်းအသုံးပြုသူများကို ဇူလိုင်လအတွင်း ကြော်ငြာအသုံးစရိတ်ကို ဖြတ်တောက်ကြရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း Viber ထံမှ သိရသည်။

နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုမှ Facebook အသုံးပြုသူ ၈၇ သန်း၏ ကိုယ်ရေးအချက်အလက်များကို မမှန်ကန်သည့်နည်းဖြင့် ကောက်ယူခဲ့သောကြောင့် Cambridge Analytica အရှုပ်တော်ပုံအပါအဝင် ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုများအပြီး လက်ရှိဖြစ်ပေါ်နေသည့် Facebook ၏အမုန်းစကားပြဿနာသည် Facebook နှင့်ပတ်သက်သည့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များအားလုံးကို ရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။

Facebook ပေါ်ရှိ Viber အက်ပလီကေးရှင်းနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များအားလုံးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအစတွင် အပြီးဖယ်ရှားနိုင်မည်ဟုခန့်မှန်းထားပြီး Facebook ရှိ ကြော်ငြာအသုံးစရိတ်များကို ချက်ချင်းရပ်ဆိုင်းမည်ဖြစ်ကြောင်း Viber ထံမှ သိရသည်။

S-07