News

POST TYPE

LATEST NEWS POST

Smart Power Myanmar စီမံကိန်းကို ကန်ဒေါ်လာ ၉ သိန်းကျော် အသုံးပြုဆောင်ရွက်မည်
30-Jun-2020


ရန်ကုန်၊ ဇွန် ၂၉

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Pact Myanmar အဖွဲ့တို့ ပူးပေါင်း၍ Smart Power Myanmar စီမံကိန်းကို အမေရိကန်ဒေါ်လာ ၉ သိန်းကျော် အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

စီမံကိန်းကို Pact Myanmar အဖွဲ့၏ အထောက်အပံ့ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၉၇၅,ဝ၀ဝ ခန့်အကုန်အကျခံ  ဆောင်ရွက်မည်ဖြစ်ပြီး အသေးစားဓာတ်အားစနစ် ဖွံ့ဖြိုးရေးကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းကာလမှာ ၃ နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။

ယင်းစီမံကိန်းဧရိယာများမှာ NEP (အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း)၊ အသေးစားဓာတ်အားစနစ်  စီမံကိန်းကျေးရွာများတွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းအနေနှင့် လုပ်ငန်းစဉ်ငါးရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ လျှပ်စစ်စွမ်းအင်သုံးစွဲမှု လိုအပ်ချက်ရှိနေသည့်နေရာများကို ချိတ်ဆက်ပေးခြင်း၊ လျှပ်စစ်မီးသုံးစွဲလိုသူ ကျေးလက်နေပြည်သူများကို ငွေကြေးအကူအညီပေးခြင်း၊ အသေးစားချေးငွေဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် သုတေသနပြုခြင်းနှင့် အသိပညာမျှဝေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်း၊ မူဝါဒရေးရာ အကြံÓဏ်များပေးခြင်းနှင့် လျှပ်စစ်မီးချိတ်ဆက်ရန် ကုန်ကျစရိတ်မတတ်နိုင်သည့် ကျေးလက်နေပြည်သူများကိုလည်း  ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်းသိရသည်။

"အသေးစားစက်မှုလုပ်ငန်းလေးတွေ လုပ်ချင်တယ်။ အိမ်သုံးလျှပ်စစ်ပစ္စည်းလေးတွေ ဝယ်ချင်တယ်။ လျှပ်စစ်စွမ်းအင်အသုံးပြုရမယ့် လုပ်ငန်းသုံးပစ္စည်းလေးတွေ ဝယ်ချင်တယ်။ ဒါပေမဲ့ငွေကြေးမလုံလောက်ဘူးဖြစ်နေတယ်ဆိုရင် ချေးငွေထုတ်ချေးပေးတာမျိုး၊ ငွေရေးကြေးရေး အဖွဲ့အစည်း (အသေးစားချေးငွေဆိုင်ရာ အဖွဲ့အစည်းများ)နဲ့ ချိတ်ဆက်ပေးတာမျိုးတွေ ဆောင်ရွက်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ အသေးစားဓာတ်အားစနစ် စီမံကိန်းကျေးရွာတွေမှာ လိုအပ်ချက်ပေါ်မူတည်ပြီး ဦးစားပေးဧရိယာ ရွေးချယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အတူ စီမံကိန်းအရအသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်လိုသူများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း ဝယ်ယူလိုသူများ၊ လျှပ်စစ် စွမ်းအင်အသုံးပြုရမည့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူလိုသော်လည်း ငွေကြေးမလုံလောက်သူများကို ချေးငွေထုတ်ပေးခြင်းနှင့် ငွေကြေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

S-07