News

POST TYPE

LATEST NEWS POST

စစ်ကိုင်းဆေးရုံမှ COVID-19 အတည်ပြုလူနာ ရဟန်းနှစ်ပါး ကျန်းမာရေးကောင်းမွန်နေသည်ဟုဆို
07-Jun-2020
မန္တလေး၊ ဇွန် ၆

စစ်ကိုင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော COVID-19 အတည်ပြုလူနာ ရဟန်းနှစ်ပါးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း စစ်ကိုင်းမြို့ ခုတင်၂၀ဝ ဆေးရုံကြီးထံမှသိရသည်။

"ဆရာတော်များလိုအပ်တဲ့ ခြင်ထောင်၊ ရေခွက်၊ သွားတိုက်တံ၊ သွားတိုက်ဆေးစတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဆေးရုံကြီးက လှူဒါန်းပေးထားပါတယ်" ဟု  ယင်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သီတဂူဆရာတော်၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ တတိယအသုတ်ခေါ်ယူခဲ့သည့် အိန္ဒိယပြန် ရဟန်းသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၆၇ ဦးထံမှ ဓာတ်ခွဲနမူနာများကို ဇွန်လ ၂ ရက်နေ့တွင် ရယူစစ်ဆေးခဲ့ရာမှ ရဟန်းနှစ်ပါးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းရဟန်းနှစ်ပါးသည် ဇွန်လ ၄ ရက်နေ့ ညပိုင်းမှစတင်ကာ သီတဂူဝိပသနာအကယ်ဒမီမှ စစ်ကိုင်းဆေးရုံသို့လွှဲပြောင်း ကုသမှုခံယူလျက်ရှိသည်။

ယခုလက်ရှိတွင် ဒုတိယအကြိမ်နှင့်တတိယအကြိမ်ခေါ်ယူခဲ့သော ရဟန်းသံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်များမှာ စစ်ကိုင်းမြို့ သီတဂူဝိပသနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် ၂၁ ရက် Quarantine ဝင်လျက်ရှိသည်။ 

S-02