News

POST TYPE

LATEST NEWS POST

ပဲခူးတိုင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများကို စားနပ်ရိက္ခာများ ထောက်ပံ့
07-Jun-2020


တောင်ငူ၊ ‌ဇွန် ၆

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း၂၈ ခုမှ နိုင်ငံရေးအကျဉ်းသားဟောင်းများကို နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့နှင့် တိုင်းအစိုးရအဖွဲ့က ထောက်ပံ့သည့် စားနပ်ရိက္ခာများ ‌ထောက်ပံ့ကူညီပေးနေသည်ဟု ဦးဆောင်သူများထံမှ သိရှိရသည်။

"တိုင်းအတွင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၄၆၆ ဦးရှိတယ်။ သက်ဆိုင်ရာနယ်မြေအလိုက် ဇွန် ၅ ရက်နေ့ကစပြီး ဆန်၊ ဆီနဲ့ မီးဖိုချောင်သုံး ပစ္စည်းခြောက်မျိုး ထောက်ပံ့ပေးနေပါတယ်" ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုတောက်က ပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကို မီးဖိုချောင်သုံးပစ္စည်းနှင့်စားသောက်ကုန်များ ထောက်ပံ့ခြင်းမှာ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအထောက်အပံ့ ဖြစ်စေရန်ဖြစ်ပြီး ပဲခူးအရှေ့ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ (FPPS-EB)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၊ ၈၈-ငြိမ်းပွင့် (ရန်ကုန်) တို့က ဦးဆောင်ကာ ပဲခူးတိုင်းအစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အလှူရှင်များက လှူဒါန်းပေးခဲ့သည်ဟု ဦးဆောင်သူများထံမှ ထပ်မံသိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလျှင် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ၊ ကော်ဖီမစ်၊ ခေါက်ဆွဲထုပ် စသည့်ပစ္စည်းများကို ပေးအပ်လှူဒါန်းခြင်းဖြစ်ကာ စုစုပေါင်းတန်ဖိုး ၁၅၀ဝ၀ ကျပ် ဖြစ်သည်ဟု ၎င်းတို့ကပြောဆိုသည်။

R-02