News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိအဆိုလွှတ်တော်တင်
06-Jun-2020
ရန်ကုန်၊ ဇွန် ၆ 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃(က)အရ
အယုံအကြည်မရှိအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းထားကြောင်းဒဂုံမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက The Voice Daily သို့ အတည်ပြုပြောကြားသည်။

လက်ရှိကျင်းပနေသော အရေးပေါ်အစည်းအဝေး ပထမနေ့တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဗိုလ်တစ်ထောင်ဘုရားတွင် ပွဲပြုလုပ်ခဲ့ခြင်းကို အဆိုတင်သွင်းခဲ့သော်လည်း လွှတ်တော်ဥက္ကဌက ခွင့်ပြုခြင်း မပြုခြင်းကို တစ်စုံတရာပြောဆိုခြင်း မရှိသည့်အပြင် အရေးပေါ်အစည်းအဝေးမှာ ၉ ရက်နေ့ထိ ကျင်းပရမည် ဖြစ်သော်လည်း ဇွန် ၅ ရက်နေ့တွင် ရုတ်တရက်ပြီးဆုံးသွားသည့်အတွက် ဆွေးနွေးလိုသည့် ကိုယ္စားလွယ္မ်ားက မကျေနပ်သဖြင့် ဖွဲ့စည်းပုံအခြေခံအရ ယင်အဆိုကို တင်ပြခြင်းဖြစ်ကြောင်း ၎က ရှင်းပြသည်။

 "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ လေးပုံတစ်ပုံလက်မှတ်ထိုးမယ်။ လေးပုံတစ်ပုံလက်မှတ်ထိုးရင်လွှတ်တော် ဥက္ကဋ္ဌ ငြင်းလို့မရတော့ဘူး။ အဲဒါနဲ့ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃(က)အရတပ်မတော်သားအားလုံးလက်မှတ်ထိုးတယ်။ ပြည်ခိုင်ဖြိုးပါတီက ၃ ဦးလက်မှတ်ထိုးတယ်။ ကျွန်တော်ထိုးပြီးတင်လိုက်တာ"ဟု ၎က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ္မ ၂၆၃(က)တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးဦးအားအောက်ပါအကြောင်းကိစ္စရပ်တစ်ရပ်ကြောင့် စြပ္စြဲ ပြစ်နိုင်သည်ဟုပါရှိပြီး (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုဖောက်ဖျက်ခြင်း၊ (၂)ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ခြင်း၊ (၃)အကျင့်သိက္ခာပျက်ပြားခြင်း၊ (၄)ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်သို့မဟုတ် ဝန်ကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊(၅)ဥပဒေအရပေးအပ်ထားသောတာဝန်များကိုကျေပွန်စွာမဆောင်ရွက်နိုင်ခြင်းဟုဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၂၃ ဦးရှိပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၈၇ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သုံးဦး၊ ရခိုင်အမျိုးသားပါတီမှ တစ်ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ တစ်ဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးရှိသည်။

Covid-19 ကာလတွင် လူစုလူဝေးမပြုလုပ်ရန် အစိုးရကတားမြစ်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုယ်တိုင် မေလ ၂၃ ရက်နေ့က ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ရေမျောပူဇော်ပွဲ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီဘက်စုံပြု ပြင်မွန်းမံရေးနှင့် မြနန်းနွယ် ကျောင်းဆောင် ယာယီစံကျောင်းဆောင်သို့ပင့်ဆောင် ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများမြင့်တက်ခဲ့ပြီးသဘာဝဘေးအန္တရယ်ဆိုင်ရာဥပဒေဖြင့် အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့သည်အထိဖြစ်ခဲ့သည့်အပြင်  NLD ပါတီမွ သတိပေးခဲ့ခြင်း၊ နိုင်ငံတော်သမ္မရုံးကလည်းဖြေရှင်းချက်ပေးရန် တောင်းခံခြင်းများရှိခဲ့သည်။

S -08