News

POST TYPE

LATEST NEWS POST

ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်
05-Jun-2020


ရန်ကုန်၊ ဇွန် ၄

မြန်မာနေရှင်နယ်လိဂ်ကော်မတီ သည် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲများပြန်လည် ကျင်းပပြုလုပ်ရန် စီစဉ်မှုများပြုလုပ်နေသည်။ 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် 2020 MPT မြန်မာနေရှင်နယ်လိဂ်  အမှတ်ပေးဘောလုံးပြိုင်ပွဲကို လာမည့် ဇူလိုင် (သို့မဟုတ်) သြဂုတ်လတွင် ပြန်လည်ကျင်းပရန် စီစဉ်နေပြီး ကျင်းပခွင့်ရရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးခွင့်ပြုချက်များနှင့်အညီ ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်က "ပြိုင်ပွဲတွေ အမြန်ဆုံးပြန်လည်ကျင်းပနိုင်အောင် စီစဉ်နေပါတယ်။ ပြိုင်ပွဲတွေ ပြန်ကျင်းပတဲ့အခါ ကျန်းမားရေးလမ်းညွှန်ချက်တွေနဲ့အညီ စနစ်တကျ ပြန်ကျင်းပနိုင်ဖို့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ထားပြီး သက်ဆိုင်ရာကို တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ၂၀၂၀ ဖူဆယ် ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲကိုလာမည့် ဇူလိုင်လ (သို့မဟုတ်) သြဂုတ်လတွင် ကျင်းပရန်စီစဉ်နေပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအားလုံးအသင်းများ လိုက်နာကျင့်သုံးသွားရန် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဇော်သုတ