News

POST TYPE

LATEST NEWS POST

AA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်
04-Jun-2020
ရန်ကုန်၊ ဇွန် ၄

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦး လက်နက်မဲ့ဖြင့် တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များထံ အလင်းဝင်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

မေလ ၃၁ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ AA လက်နက်ကိုင်အဖွဲ့က တပ်သားအဆင့်ရှိသူ မောင်ကိုဇော်လင်း (ဘ) ဦးသန်းထွန်းမောင် အသက် ၂၅ နှစ်၊ ရခိုင်၊ ဗုဒ္ဓဖြစ်သူသည် လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA လက်နက်ကိုင်အဖွဲ့ စစ်ရေးအရရှုံးနိမ့်ကာ တပ်ဖွဲ့ဝင်များ ကစဉ့်ကလျားဆုတ်ခွာနေပြီး AA အဖွဲ့ထံတွင် ဆက်လက်နေထိုင်လိုစိတ် မရှိခြင်းကြောင့် ယခုကဲ့သို့အလင်းဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလက်နက်မဲ့အလင်းဝင်ရောက်လာသည့် AA အဖွဲ့မှ တပ်သားအဆင့်ရှိ မောင်ကိုဇော်လင်းကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ခေါ်ယူ၍ လိုအပ်သည့် ကူညီဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S-04