News

POST TYPE

LATEST NEWS POST

တရုတ်ကို စီးပွားရေးပိတ်ဆို့ခြင်းဖြင့် ဟောင်ကောင်ပြဿနာ မပြေလည်နိုင်ဟု EU ပြောကြား
31-May-2020


ဘရပ်ဆဲလ်၊ မေ ၃၀

ဟောင်ကောင်အပေါ် လုံခြုံရေးဥပဒေ တရုတ်ကချမှတ်လိုက်ခြင်းကြောင့် ဥရောပသမဂ္ဂနှင့် တရုတ်အစိုးရတို့ ဆက်ဆံ ရေးထိခိုက်ရသည်ဖြစ်သော်လည်း စီးပွားရေးပိတ်ဆို့ခြင်းမှာ အကျပ်အတည်းကို မဖြေရှင်းနိုင်စေဟု ဥရောပသမဂ္ဂက ပြော ကြားထားသည်။

“မေလ ၂၈ ရက်နေ့ကစတင်ပြီး တရုတ်ရဲ့ ချမှတ်ထားမှုတွေအပေါ် EU က စိုးရိမ်ပါတယ်။ နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီပါဘူး”ဟု ဥရောပသမဂ္ဂထိပ်တန်း သံတမန်ဂျိုဆက်ဘော်ရယ်က ပြောကြားသည်။ 

“ဥရောပသမဂ္ဂရဲ့ တရုတ်နဲ့ဆက်ဆံရေးဟာ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုတွေအပေါ် အခြေခံပါတယ်။ ယခုဆုံးဖြတ်ချက်ဟာ နိုင်ငံတကာကျင့်သုံးစံနှုန်းတွေအပေါ် တရုတ်ရဲ့ လိုက်နာမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာပါတယ်”ဟု EU ထိပ်သီး သံတမန်က ပြောကြားသည်။ 

တရုတ်၏ ဥပဒေသစ်နှင့်ပတ်သက်၍ စီးပွားရေးပိတ်ဆို့မှု အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းအပေါ် “စီးပွားရေးပိတ်ဆို့ခြင်းဟာ တရုတ်ဘက်က ပြဿနာတွေကို ပြေလည်သွားစေမယ်လို့ မထင်ပါဘူး” ဟု ဘော်ရယ်ကပြောကြားသည်။ 

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက စီးပွားရေးပိတ်ဆို့မှု ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သော်လည်း လာမည့် ဥရောပ-တရုတ်ညီလာခံကိုတော့ ဆက်လက်ကျင်းပသွားမည်ဟု ၎င်းကဆိုသည်။ 

လာမည့် စက်တင်ဘာလတွင် ဂျာမနီနိုင်ငံဥရောပထိပ်သီးခေါင်းဆောင် ၂၇ ဦးနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံရန်ရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေမှုကြောင့် ဆွေးနွေးပွဲကို ရက်ပြောင်းလဲရဖွယ်ရှိကြောင်း အဆိုပါဥရောပသမဂ္ဂ ထိပ်တန်းသံတမန်က ပြောကြားသည်။ 

ဟောင်ကောင်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် ထိခိုက်စေမည့် တရုတ်၏ လုံခြုံရေးဥပဒေနှင့်ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့က ဝေဖန်ထုတ်ပြန်ခဲ့ပြီးနောက် ဥရောပသမဂ္ဂ၏ အဆိုပါသတိထား ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

တရုတ်၏လုံခြုံရေးဆိုင်ရာ ဥပဒေသစ်အရ ဟောင်ကောင်နယ်မြေပေါ်တွင် တရုတ်လုံခြုံရေးအေဂျင်စီများ ဝင်ရောက် လှုပ်ရှားခွင့်ရမည်ဖြစ်သည်။ 

တရုတ်သည် ယင်းသို့ ရှေ့ဆက်ဆောင်ရွက်လာမည်ဖြစ်ပါက ဟောင်ကောင်သားများကို ပြည်ပရှိဗြိတိန်သားများကို ပေးထားသည့် အခွင့်အရေးများ ပြန်လည်ရုပ်သိမ်းမည်ဟု ဗြိတိန်က ထုတ်ပြန်ထားသည်။               

F-02