News

POST TYPE

LATEST NEWS POST

ရွှေပြည်သာစက်မှုဇုန်တွင် ဆန္ဒပြပါက အလုပ်သမားများအပြင် အားပေးကူညီသူများကိုပါ အရေးယူမည်
30-May-2020
ရန်ကုန်၊ မေ ၃၀

ရွှေပြည်သာစက်မှုဇုန်များတွင် အလုပ်သမားများဆန္ဒပြပါက အလုပ်သမားများနှင့်အားပေးသူကူညီသည့် အဖွဲ့အစည်းများပါ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှုးချုပ် ကိုသက်နှင်းအောင်က ပြောကြားသည်။

ရွှေပြည်သာစက်မှုဇုန် (၁)(၂)(၃)(၄)အတွင်းရှိ စက်ရုံအလုပ်ရုံများတွင် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်နှင့်အလုပ်သ မားအငြင်းပွားမှုများဖြစ်လာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းမှုမပြုလုပ်ဘဲ လူစုလူဝေးနှင့်ဆန္ဒပြခြင်း၊ ဥပဒေမဲ့ဆောင်ရွက် ခြင်းများပြုလုပ်ပါက အလုပ်သမားနှင့်အားပေးကူညီသူများပါ တရားဥပဒေအရအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“မြို့နယ်ထွေအုပ်က စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီကို အကြောင်းကြားတယ်။အဲ့ဒီကတစ်ဆင့် စက်ရုံအလုပ်ရုံတွေကိုပြန်ပြီး အကြောင်းကြားတာပါ။အဓိကတော့ အစိုးရက အလုပ်သမားတွေအပေါ် ထားတဲ့စေတနာပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

COVID-19 ကာလအတွင်း ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်စေရေးအတွက် ကာကွယ် ထိန်ချုပ်ကုသရေးအမျိုးသားအဆင့်ကော်မတီမှ အကြောင်းကြားခဲ့ပြီး စက်မှုဇုန်များအတွင်းလူစုလူဝေးနှင့်ဆန္ဒပြမှုများရှိပါက အရေးယူဆောင်ရွက်ခြင်းအပြင် တရားစွဲဆိုမှုများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ်အမှတ်(၁)မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်မင်းက အတည်ပြုပြောကြားသည်။

Lobar Power Group အဖွဲ့မှဥက္ကဌဦးကျော်မျိုးထွေးကမူ “အလုပ်သမားပဲဖြစ်ဖြစ် အလုပ်သမားအရေးလုပ်တဲ့သူပဲဖြစ်ဖြစ် တည်ဆဲဥပဒေတွေကို ချိုးဖောက်ရင်အရေးယူပါ။အဲ့လိုအရေးယူရင် ဥပဒေကိုချိုးဖောက်တဲ့ အလုပ်ရှင်၊ အစိုးရအဖွဲ့ဝင်အား လုံးကိုအရေးယူပါ တရားစွဲပါ။ Rule oF Law ဖြစ်ဖို့ယုံကြည်အောင်လုပ်ပြရင် အခုဖြစ်နေတဲ့ အလုပ်သမားပြသာနာလျှော့ သွားလိမ့်မယ်”ဟု မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် မေလ ၄ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ် Blue Dimond အိတ်စက်ရုံရှေတွင် လူပေါင်းရာနှင့်ချီကာ စုပေါင်းတောင်းဆိုခဲ့ကြရာ အလုပ်သမားခေါင်းဆောင်နှစ်ဦး အလုပ်သမားအရေးဆောင်ရွက်သူလေးဦးကိုပါ ဖမ်းဆီးပြီးတရားစွဲဆိုကာ ထောင် ၃ လစီ အမိန့်ချခဲ့သည်။

J-01