News

POST TYPE

LATEST NEWS POST

ဖူဆယ်နှင့် အမျိုးသမီးဘောလုံးလောက တိုးတက်ရေး လိုအပ်သည်များကို ပံ့ပိုးပေးရန် ဆွေးနွေး
29-May-2020


ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ် ကော်မတီသည် ဖူဆယ်နှင့်အမျိုးသမီး ဘောလုံးလောက တိုးတက်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးပေးရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နည်းစနစ်ကော်မတီသည် မတ်လ ၂၅ ရက်က ပြုလုပ်ခဲ့သည် လိဂ်ကော်မတီအစည်းဝေးတွင် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းအတွက် နည်းပြချုပ်အဖြစ် နယ်သာလန်နည်းပြ ဗစ်တာဟာမန်နှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နည်းပြအဖြစ် ဦးတင်မြင့်အောင်တို့ကို ခန့်အပ်တာဝန်ပေးရန် စီစဉ်ခဲ့သလို ဖူဆယ်နှင့် အမျိုးသမီးဘောလုံးလောက တိုးတက်ရေးအတွက်လည်း လိုအပ်သည်များကို ပံ့ပိုးပေးရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်း စနစ်ကော်မတီသည် လက်ရွေးစင် ဖူဆယ်ကစားသမားများပေါ်ထွက်လာရေးအတွက်  ကိုရိုနာဗိုင်းရပ်စ်ကာလအပြီးတွင် ပြိုင်ပွဲ များကျင်းပပေးရန် စီစဉ်နေသလို အမျိုးသမီးဘောလုံးလောက တိုးတက်ရန်အတွက်လည်း လူငယ်ပြိုင်ပွဲများ ကျင်းပရန်နှင့် အခြားကိစ္စရပ်များကို လိဂ်ကော်မတီမှပံ့ပိုးမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။ 

မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကိုလည်း သြဂုတ်လနောက်ပိုင်းတွင် ပြန်လည်ကျင်းပရန် စီစဉ်မှုများပြုလုပ်သည်။ 

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်  အေဂျက်စ်၊ ဒေါ့မွန်အသင်းတို့နှင့် ပူးပေါင်းကာ လူငယ်စီမံကိန်းများပြုလုပ်ရန်လည်း စီစဉ်နေသည်။

ဇော်သုတ