News

POST TYPE

LATEST NEWS POST

နေပြည်တော်တွင် Mask မတပ်ဘဲ ဈေးရောင်းသူ ၂၁ ဦးကို ဈေးရောင်းခွင့် သုံးရက်ပိတ်
28-May-2020


နေပြည်တော်၊ မေ ၂၈ 

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် သပြေကုန်းဈေးရှိ ကုန်စိမ်းဈေးနှင့်ပျံကျ ညဈေးတို့သို့ လာရောက်ရောင်းချနေသည့် ဈေးသည် ၂၁ ဦးသည် ဈေးရောင်းနေချိန်အတွင်း Mask တပ်ဆင်ထားခြင်းမရှိသည့်အတွက် ဈေးရောင်းချခွင့် (၇၂) နာရီ သုံးရက် ပိတ်ပင်ခံခဲ့ရသည်။ 

ယင်းဈေးအတွင်းရှိ သစ်သီး၊ အကြော်စုံ၊ အထည်မျိုးစုံ၊ အသား၊ ငါး၊ ကုန်စိမ်း စသည့်ပစ္စည်းများရောင်းချနေသော အသက် ၃၅ နှစ်အရွယ် အမျိုးသမီးအပါအဝင် စည်းကမ်းမလိုက်နာသည့် ဈေးသည် ၂၁ ဦးကို အရေးယူခဲ့ခြင်းဖြစ်ကြောင်း သပြေကုန်းဈေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဌေးက ပြောကြားသည်။

နေပြည်တော်ကောင်စီကထုတ်ပြန်ထားသည့် စည်းကမ်းများအနက် နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ထားခြင်း မရှိဘဲ ကြေညာချက်အမှတ် (၅/၂၀၂၀) ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက် ဈေးရောင်းချခွင့်(၇၂)နာရီ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ကိုထွန်း(VOM)