News

POST TYPE

LATEST NEWS POST

စားသာက်ဆိုင်တစ်ဆိုင်လျှင် ဂေါ်ဖီထုပ် ၁၀ဝ အခမဲ့ပေး
28-May-2020
ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ အသင်းဝင်ဆိုင်များနှင့် အသင်းမဝင်ထားသည့် စားသောက်ဆိုင်များကို တစ်ဆိုင်လျှင် ဂေါ်ဖီထုပ်အထုပ် ၁၀ဝ အခမဲ့လာရောက်သယ်ယူနိုင်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ကမ္ဘောဇဖောင်ဒေးရှင်း နာယကဦးအောင်ကိုဝင်းက ရှမ်းပြည်နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ် ၅ သိန်းကျော် (အသုံးမပြုလျှင် ဖျက်ဆီးရမည်ဖြစ်ပြီး တောင်သူများဆုံးရှုံးရတော့မည့်) ကိုဝယ်ယူပြီး ကုန်တင်ကားများနှင့် နေရာဒေသအသီးသီးကို လှူဒါန်းသည့်အစီအစဉ်တွင် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းက ဝင်ရောက်အားဖြည့် ကုသိုလ်ယူသည့်အနေနှင့် စားသောက်ဆိုင်များကိုပေးအပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

မေ ၂၈ ရက်နေ့ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအတွင်း သွားရောက်သယ်ဆောင်ထားသည့် ဂေါ်ဖီထုပ် ၃,ဝ၀ဝ ကို ံHappy Café’ & Noodle အင်းလျားလမ်းဆိုင်တွင် စားသောက်ဆိုင်များမှလိုအပ်သလောက် (တစ်ဆိုင်လျှင် အများဆုံးအထုပ် ၁၀ဝ) လာရောက်သယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

လာရောက်မသယ်ယူပါက ပိုလျှံသည့်ဂေါ်ဖီထုပ်များကို နောက်ရက်များတွင် ရန်ကုန်မြို့အတွင်း လိုအပ်လျက်ရှိသည့် ဘုန်းကြီးကျောင်း၊ ရပ်ကွက်နေရာအစုံကို အသင်းကဦးစီး၍ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး အသုံးလိုနေသူများလည်း ရရှိနိုင်ရန်အတွက် ဝိုင်းဝန်းအားဖြည့်ရန် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက မေတ္တာရပ်ခံထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကလည်း အလှူရှင်များနှင့်ပူးပေါင်း၍ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များတွင် ဂေါ်ဖီထုပ်များလိုက်လံဝေငှပေးလျက်ရှိသည်။

S-07