News

POST TYPE

LATEST NEWS POST

အိန္ဒိယနှင့်ထိုင်းအပါအဝင် ပြည်တော်ပြန် ၄၇ ဦးကို နှာခေါင်းတို့ပတ်ယူစစ်ဆေး
28-May-2020


တောင်ငူ၊ မေ၂၈

ပဲခူးတိုင်း တောင်ငူခရိုင် ၆ မြို့နယ်အတွင်းသို့ ယခုလနောက်ဆုံးပတ်က ပြန်လည်ရောက်ရှိလာကြသည့် အိန္ဒိယနှင့်ထိုင်းအပါအဝင် ပြည်တော်ပြန် ၄၇ ဦးကို၊ မေလ ၂၈ နံနက်ပိုင်းက နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာယူကာ အမျိုးသားဓာတ်ခွဲခန်း NHL သို့ ပေးပို့စစ်ဆေးခဲ့သည်ဟုတောင်ငူခရိုင် Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆပ်ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

“နှာခေါင်းတို့ဖတ်နမူနာယူနေပါပြီ။ အခြားမြို့နယ်တွေက ၃၅ ဦးနဲ့ တောင်ငူက ၁၂ ဦး ဖြစ်ပါတယ်။ အိန္ဒိယနဲ့ထိုင်းကပြန်လာသူများပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ပြည်ထောင်အစိုးရအဖွဲ့က လေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်နေသည့်နည်းတူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း ၊ မေ ၂၂ ရက်နေ့ညကစ၍ မြန်မာသံရုံးနှင့်ထိုင်းအာဏာပိုင်းများ၏ချိတ်ဆက်မှုဖြင့် ပြန်လည်ခေါ်ယူနေပြီဖြစ်သည်။

တောင်ငူခရိုင်ရှိ တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်၊ ကျောက်ကြီးနှင့် ဖြူးမြို့နယ်တို့အတွင်း Facility Quarantine စခန်း ၁၁၉ ခုရှိပြီး ပြည်တော်ပြန် ၁၁၄၃ ဦးအနက် ဆေးကုသမှုခံနေသည့် သံသယလူနာမရှိကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။  

R-02