News

POST TYPE

LATEST NEWS POST

ဆိုင်ထိုင်စားသောက်ခွင့်ပြုသည့် ဘီယာဆိုင်မန်နေဂျာကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူ
26-May-2020

မန္တလေး၊ မေ ၂၅ 

မန္တလေး ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်အတွင်းရှိ စည်ဘီယာဆိုင်တွင် ဆိုင်ထိုင်စားသောက်ခွင့်ပြုသည့် ဆိုင်မန်နေဂျာကို ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူထားကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းဘီယာဆိုင်တွင် ဆိုင်ထိုင်စား သောက်ခွင့်ပြုနေကြောင်း သတင်းအရ ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့သည် မေလ ၂၄ ရက်နေ့ ညပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင် အတွင်းရှိ စားပွဲဝိုင်းသုံးဝိုင်းတွင် အမျိုးသား ခြောက်ဦး ဘီယာထိုင်သောက်နေသည် ကိုတွေ့ရှိရကြောင်း ယင်းရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့် အချက်များအတိုင်း ပြင်ဆင်ထား သည့်ဆိုင်များကို စစ်ဆေးပြီးမှသာ ဆိုင် ထိုင်ခွင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကလည်း စားသောက်ဆိုင်များ ပြန်ဖွင့်ရာတွင် လိုက်နာရမည့်အချက်များကို ထုတ်ပြန်ကြေညာထားသည်။ 

S-02