News

POST TYPE

LATEST NEWS POST

အိမ်အကူမိန်းကလေးကို အက်ဆစ်ဖြင့်ပက်သော မင်းရာဇာ၏ မိသားစုဝင်တစ်ဦးကို စတင်ဖမ်းမိ
08-Apr-2020


ရန်ကုန်၊ ဧပြီ ၈

အိမ်အကူ မိန်းကလေးကို အက်စစ်ဖြင့်ပက်သောအမှု
ပြစ်မှုကျူးလွန်သူ တစ်ဦးဖြစ်သောမင်းရာဇာ၏ယောက်ခမဖြစ်သူ ဦးမောင်မောင်အေးကို ဧပြီလ ၈ ရက် မွန်းလွဲပိုင်းက ရွှေပေါက်ကံရဲစခန်းမှ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အိမ်အကူ မိန်းကလေးကို အက်စစ်ဖြင့် ပက်ခဲ့သူ မင်းရာဇာနှင့်ဇနီးဒေါ်ဖူးငုံပွင့်ယောက်ခမဖြစ်သူ ဦးမောင်မောင်အေးတို့အား မိခင်ဖြစ်သူမှမှ ဧပြီလ ၇ ရက်က တိုင်ကြားခဲ့ပြီး လူမှုကွန်ရက်တွင် ပျံနှံခဲ့ပြီးနောက် ဦးမောင်မောင်အေးအား ၄င်းနေထိုင်ရာ ရွှေပေါက်ကံမြိုသစ် အမှတ် ၁၄ ရပ်ကွက် ကုန်ဘောင်လမ်းတွင် ဧပြီလ ၈ ရက် နေ့လည်ပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

"ဒီမနက် တာမွေရဲစခန်းကရော ရွှေပေါက်ကံရဲစခန်းက ရဲတွေလာကြတယ်။ယောက်ခမကိုတော့ဖမ်းမိသွားပြီ မင်းရာဇာတို့ကတော့ မမိသေးပါဘူး"ဟု အိမ်အကူ မိန်းကလေး၏ ဦးလေးဖြစ်သူ ကိုမိုးကျော်က ပြောသည်။

ရွှေပေါက်ကံမြိုနယ်ရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုကျူးလွန်သူဦးမောင်မောင်အေးကိုဖမ်းဆီးရမိခဲ့ပြီးနောက် စုံစမ်းဆေးနေပြီး မင်းရာဇာနှင့်ဇနီးဖြစ်သူကိုမူ တာမွေရဲစခန်းကဖမ်းဆီးရမိခြင်း မရှိသေးပေ။

အက်စစ်ဖြင့်အပက်ခံရသူ အိမ်ဖော်မိန်းခလေးမှာ မြောက်ဥက္ကာလာပမြို့နယ် မေဒါဝီဆေးရုံ သာဖွားမီးယပ် အဆောင် ၂တွင် ဆေးကုသမှုခံယူနေကြောင်း ဦလေးဖြစ်သူ ဦးမိုးကျော်က ပြောသည်။

J-01