News

POST TYPE

LATEST NEWS POST

Save Monywaနှင့်နည်းပညာ ကျောင်းသားများ တီထွင်ထားသော ဆေးဖြန်စက် အစိုးရလှူဒါန်း
08-Apr-2020


မုံရွာ ၊ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် Save Monywa နှင့် မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားများ တီထွင်ထားသောအလိုအလျောက် ဆေးဖြန်းစက်ကို ယနေ့ နံနက်ပိုင်းက အစိုးရအဖွဲ့အား လှူဒါန်းခဲ့သည်။

အဆိုပါဆေးဖြန်းစက်ကိုပရဟိတ Save Monywa အဖွဲ့က ငွေကြေးထုတ်ကာ နည်းပညာ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား လေးဦး ၁၀ရက်ခန့် အချိန်ယူ တီထွင်ခဲ့ခြင်းဖြစ်သည်။



"ကျောင်းသားလေးတွေက သူတို့တတ်တဲ့ ပညာနဲ့ တိုင်းပြည်ကို အကျိုးပြုချင်တာ၊ငွေကြေး မပြည့်စုံတော့ ကျွန်တော်တို့ကကူညီပါတယ်၊ ကုန်ကျငွေလေးသိန်းလောက်ရှိတယ်၊ အဓိကပစ္စည်း ကလူပုံရိပ်ဖမ်းတဲ့ ဆင်ဆာပါတဲ့ စက်တွေ နော်ဇယ်ပန့် တို့ကရှားရှားပါးပါး ဝယ်ယူရတယ် ၊သံဖရိန်နဲ့ ဘော်ဒီ လုပ်တာကိုယ့်ဟာကိုယ်လုပ်တယ်။ တစ်ပတ်လောက် အချိန်ယူ လုပ်လိုက်ရတယ် ။"ဟု Save Monywa ပရဟိတအဖွဲ့ မှဦးအောင်နေမျိုးကပြောသည်။

ဆေးရုံနှင့် ဌာနဆိုင်ရာများတွင် လူနှင့်အဝတ်အစားများကို အဆိုပါစက်ဖြင့်ပိုးသတ်ဆေးဖြန်းမည်ဖြစ်သောကြောင့် နောက်ထပ်၁၀လုံး ထပ်မံထုတ်လုပ်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို အစိုးရက ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။