News

POST TYPE

LATEST NEWS POST

အောင်ဘာလေထီဖွင့်ရက် ၁၅ ရက်နေ့သို့ပြောင်းလဲရန်စီစဉ်
07-Apr-2020


ရန်ကုန်၊ ဧပြီ ၇

အောင်ဘာလေသိန်းထီဖွင့်ရက်ကို ယခင်ကလစဉ် ၁ ရက်နေ့ဟု သတ်မှတ်ထားရာမှ ၁၅ ရက်နေ့သို့ ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

"ထီဖွင့်ရက်ကို ရက်ပြောင်းလဲဖို့လုပ်နေတယ်၊ တကယ်ရက်ပြောင်းမပြောင်းကတော့ အတည်မပြုသေးဘူး၊ အတည်ပြုရင်တော့ သတင်းစာတို့ ဝက်ဘ်ဆိုက်တို့မှာ တရားဝင်ဖော်ပြသွားမယ်''ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွန်ကြားရေးမှုးချုပ်ဦးမင်းထွဋ်က ပြောသည်။

လက်ရှိတွင် ထီလက်မှတ်ရောင်းအား ကျဆင်းမှုများရှိသည့်အတွက် လစဉ် ၁၅ ရက်နေ့သို့ ရွှေ့ဆိုင်းပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

ပြီးခဲ့သည့် မတ်လကစ၍ Covid-19 ကြောင့် ထီထိုးသူဦးရေကျဆင်းခဲ့ပြီး ထီဈေးနှုန်းများလည်း အနည်းငယ်ကျဆင်းသွားခဲ့သည့်အတွက် ထီလုပ်ငန်းရှင်များထံတွင် လက်ကျန်ထီများ ၁၅ ရာခိုင်နှုန်းခန့်ကျန်ရှိခဲ့ကြောင်း မြန်မာနိုင်ငံထီ လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ပြောင်းလဲမည့် ထီဖွင့်ရက်ကို လာမည့်မေလ ၁၅ ရက်နေ့တွင်လျာထားပြီး ထီလက်မှတ်ဈေးနှုန်းများ အပြောင်းအလဲမရှိဘဲ မူလစျေးအတိုင်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

J-03