News

POST TYPE

LATEST NEWS POST

ကျိုင်းတုံ၌ စိတ်ဝေဒနာရှင်တစ်ဦး ကြိုးဆွဲချသေဆုံး
05-Apr-2020


ကျိုင်းတုံ၊ ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဟိုကျင်း(၃)ရွာ ရေချောင်းအနီးရှိ သစ်ပင်တွင် ဧပြီလ ၄ ရက် နံနက် ၈ နာရီခွဲခန့်က စိတ်ဝေဒနာရှင်တစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"သစ်ကိုင်းမှာ အားကစားအင်္ကျီနဲ့ချည်ပြီး ကြိုးဆွဲချသေဆုံးနေတာပါ" ဟု ၎င်းကဆိုသည်။

အသက် ၄၃ နှစ်အရွယ် အမျိုးသားသည် ပြင်ပဒဏ်ရာများမတွေ့ရှိဘဲ သေဆုံးနေခြင်းဖြစ်၍ သေမှုသေခင်းအမှတ်စဉ် ၁၈/၂၀၂၀ အမှုဖွင့်စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-12