News

POST TYPE

LATEST NEWS POST

ငရုတ်ကောင်းကမ်ခြေအနီး ပင်လယ်ပြင်တွင် ဘင်္ဂါလီ ၃၈ ဦးဖမ်းမိ
03-Apr-2020


ပုသိမ်၊ဧပြီ၃

ဧရာ၀တီတိုင်း ဒေသကြီး ငပုတောမြို့နယ် အတွင်းရှိ ငရုတ် ကောင်း ကမ်းခြေမြို့အနီး ပင်လယ်ပြင်တွင်စက်လှေ တစ်စီးပေါ်မှ ဘင်္ဂါလီ လူမျိုး ၃၈ ဦးကို တပ်မတော် စစ်ရေယာဉ်က ဧပြီ ၃ ရက် နံနက် ၃ နာရီ ၀န်းကျင် ကဖမ်းဆီး ရမိခဲ့ကြောင်း ငရုတ်ကောင်း ဒေသခံများထံမှ ကနဦး သတင်းရရှိသည်။

ယင်းလှေပေါ်တွင်ဘအသက် ၁၈ နှစ် မပြည့်သေးသူ အမျိုးသား အမျိုးသမီး ၂၂ ဦး နှင့် အသက် ၁၈ နှစ် ပြည့်ပြီးသော အမျိုးသား အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၃၆ ဦးကို မြန်မာရေပိုင်နက် အတွင်းတွေ့ရှိ၍ တပ်မတော် စစ်ရေယာဉ်က တွေ့ရှိ ဖမ်းဆီးလာခြင်း ဖြစ် ကြောင်း မည်သည့် နေရာ မှထွက်ခွာလာသည်ကို မသိရှိသေး ကြောင်း ယနေ့( ဧပြီ ၃ရက်) မွန်း လွဲပိုင်းအထိ တပ်မတော် စစ်ရေယာဉ် မှ ယာယီ ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း၊ ဧရာ၀တီတိုင်း လူ၀င် မှုကြီးကြပ်ရေး လူစွမ်းအား အရင်းအမြစ် ၀န်ကြီး ဒေါက်တာ စိုး၀င်း က The Voive Daily ကိုပြောသည်။

“ လောလောဆယ်ဆယ် တော့ရေထဲမှာပဲ ရှိသေးတယ် ရခိုင်ပြည် နယ် ဒုက္ခသည် စခန်းက ထွက်လာတာလား မောင်းတော နဲ့ သိပ်မဝေးတဲံ့ ဘင်္ဂလားဒေ့ဘက် တက္ကလ ဒေသ က ပဲ၀င်လာ တာ လား မစစ်ရသေးဘူးလား။ ရောဂါသည်တွေ ပါမပါလည်း မသိသေးဘူး ဒါ့ကြောင့် ကမ်းမကပ်ခိုင်းသေး ပဲ ပြည်ထောင်စု အဆင့်ကို တင်ပြ ထားတယ်” ဟု ၄င်းက ဆက်ပြောသည်။

ယင်းကိစ္စ နှင့် ပါတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့များ နှင့် အုပ်ချုပ်ရေး အဖွဲ့များထံ ဆက်သွယ်မေး မြန်း သော်လည်း သတင်း အတည်ပြုချက် ပေးနိုင်းခြင်း မရှိပါ။

ဧရာ၀တီတိုင်း အတွင်းရှိ သာပေါင်းမြို့နယ်ရှိ ဘောမိ ပင်လယ် ကမ်းခြေ ဒေသ ၊ပုသိမ်မြို့နယ် ရှိ ရွှေသောင်ယံ ၊ချောင်းသာ၊ ငွေဆောင်၊ ငပုတောမြို့နယ်ရှိ  မော်တင်၊ငရုတ်ကောင်း စသည့် ကမ်းခြေမြို့များသည် ရခိုင်ရိုးမ နှင့် တဆက်စပ်တည်း ရှိနေသည့် အပြင် ဘင်္ဂလားပင်လယ်အော် နှင့်လည်း ရေပြင်ဆပ်စပ်နေ သဖြင့် ရခိုင်ပြည် နယ် အတွင်းမှ နယ်မြေစွန့်ခွာ ဘင်္ဂါလီများ နှင့် တစ်ဘက် နိုင်ငံမှ ခိုး၀င်သူများ ကို မကြာခဏ ဖမ်းဆီးရမိလေ့ ရှိကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ကသိရသည်။

မောင်မျိုးထက်(ပုသိမ်) R04