News

POST TYPE

LATEST NEWS POST

အရပ်ဘက်အဖွဲ့များ၏ လူနာတင်ယာဉ်များကို တစ်မြို့နယ်လျှင် ၂ စီးနှုန်း ပြုပြင်ပေးမည်
02-Apr-2020
ဓာတ္ပုံ-မောင်မျိုးထက်

ပုသိမ်၊ ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်မှ အရပ်ဘက်လူနာတင်ယာဉ်များကို Covid -19 ရောဂါနှင့်ပတ်သက်သည့် လူနာများတင်ဆောင်ရာတွင် ရောဂါကာကွယ်နိုင်ရန်အတွက် တစ်မြို့နယ်လျှင် အနည်းဆုံးယာဉ် ၂ စီးကို တိုင်းအစိုးရက ပြုပြင်ပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရရုံးထံမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများမှ လူနာတင်ယာဉ်များကို ပြင်ဆင်ထားသော်လည်း မလုံလောက်သည့်အတွက် မြို့နယ်အလိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ အကူအညီကိုရယူနေရခြင်းကြောင့်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောဆိုသည်။

"လူနာတွေသယ်တဲ့အခါ ရောဂါကာကွယ်ရေးဖြစ်တဲ့ လူနာနဲ့ ယာဉ်မောင်းကို ကန့်ထားတာတို့၊ ယာဉ်မောင်းကို PPE ဝတ္စုံ ဝတ်မောင်းရမှာဖြစ်တာတွေရှိတော့ အရပ်ဘက်လူနာတင်ယာဉ်တွေကို ပြုပြင်ပြင်ဆင်တာတွေ လုပ်ပေးသွားမယ်" ဟု ၎င်းကဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းများတွင် အသုံးပြုနေသော လူနာတင်ယာဉ်များမှာ ယာဉ်နှင့် စက်ပိုင်းဆိုင်ရာကြံခိုင်မှု ကောင်းမွန်သော်လည်း Covid-19 ရောဂါ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ယာဉ်နှင့် ယာဉ်တွင်လိုက်ပါမည့်သူများအတွက် ဆေးဘက်ဆိုင်ရာ ကာကွယ်ရန် ပြုပြင်မှုများအမှန်လိုအပ်နေကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။

R-04