News

POST TYPE

LATEST NEWS POST

ဘက်ဂျတ်မတတ်နိုင်သော နေရာများအတွက် လက်ဖက်ရည်တစ်ခွက် နေ့စဉ်လျှော့သောက်ရန် ဒေါက်တာအောင်သူ တိုက်တွန်း
နေပြည်တော်၊ ဒီဇင်ဘာ ၁

နိုင်ငံတော်က ဘက်ဂျတ်မတတ်နိုင်သော နေရာများတွင် သုံးစွဲသွားနိုင်ရန် လက်ဖက်ရည်တစ်ခွက် နေ့စဉ် လျှော့သောက်မည်ဟု စိုက်ပျိုးရေး၊ မွေးမြူုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်သူက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဦး၏ အမေးကို ဖြေကြားရာ၌ သချာင်္ပညာရှင်တစ်ဦး ဖြစ်သူ ဒေါက်တာအောင်သူက “ယင်းအစဉ်ကို မျှဝေခြင်းဟု ခေါ်ဆိုနိုင်ပြီး မကြာမီလပိုင်းအတွင်း စိုက်ပျိုးမွေးမြူုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများဖြင့် အကောင်အထည်ဖော်မည်” ဟု ဆိုသည်။

“လျှော့သောက်လိုက်တဲ့ လက်ဖက်ရည်တစ်ခွက်ဖိုးကို ထည့်ဝင်ခြင်းအားဖြင့် မျှဝေလုပ်မယ်။ ကျန်တော်တို့ ဌာနက ဝန်ထမ်းတွေနဲ့ စတင် အကောင်ထည်ဖော်မှာပါ၊ ဒီအစီအစဉ်ကို ဆောင်ရွက်နိုင်တယ်ဆိုရင် နိုင်ငံတော်က မတတ်နိုင်တဲ့ နေရာတွေကို ကူညီလှူတန်းနိုင်မည် ဖြစ်ပါကြောင်း” ဟု စိုက်ပျိုးရေး၊ မွေးမြူုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်က တောင်သူလယ်သမားများကို ထမင်းတစ်နပ် လျှော့စား၍ အကြွေးကြေအောင် ဆပ်ကြရန် ပြောကြားမှုကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရသည်။