News

POST TYPE

LATEST NEWS POST

အဆောင်ဌားရမ်းနေထိုင်ရသည် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်ဆက်လက် နေထိုင်ခွင့်ရရှိရေး အတွက် အခက်အခဲကြုံ
26-Mar-2020

ပုံစာ.- မန္တလေး ကန်တော်နဒီ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ

မန္တလေး၊ မတ် ၂၆

မန္တလေးမြို့ပေါ်ရှိ ကျန်းမာရေးဝန်ထမ်းအရေအတွက် ၃၀၀ ကျော်သည် ဌားရမ်းနေထိုင်သော နေရာအဆောက်အဦးများ၌ လကုန်လျင် ဆက်လက် နေထိုင်ခွင့်ရရှိရေး အတွက် အခက်အခဲကြုံနေရကြောင်း အောင်မြေသာစံမြို့နယ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး က အတည်ပြု ပြောသည်။

ရောကဂါ ဂယက်ကြောင့် ဆက်လက်နေထိုင်ခွင့် အခက်အခဲရှိနေသူ ဆရာဝန်၊ သူနာပြု အတွက် အဆောင်ပိုင်ရှင်များနှင့် ဆွေးနွေးခြင်း၊ ဆရာဝန်များနှင့် သူနာပြုများအတွက် နေစရာ ပေးနေနိုင်မည့် အဆောက်အဦးတွေကို ဆက်သွယ်ချိတ်ဆက်ခြင်း၊ (၃) ကျန်းမာရေး ဝန်ထမ်းများ၏ အခက်အခဲများကို မြို့တော်ဝန် သို့ တင်ပြ လုပ်ဆောင်ပေးလျက် ရှိကြောင်း ဒေါက်တာ ကျော်ဦး က ဆက်လက် ပြောသည်။

“ပြသနာကြုံတွေ့နေရတဲ့ ဆရာဝန်နဲ့ သူနာပြုတွေက လကုန်တဲ့အခါ အဆောင်မှာ ဆက်နေလို့ မရတော့ဘူးဆိုတဲ့ ပုံစံမျိုးပြောခံနေရတယ်။ ဒီလိုအချက်အလက်တွေနဲ့ ပတ်သက်ပြီး စနစ်တကျ မေးမြန်း စာရင်းပြုစုထားပါတယ်။ ဒီကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြို့တော်ဝန်ထံ တင်ပြထားတယ်။”ဟု ၎င်းက ဆိုသည်။

လူမှု ကွန်ရက် စာမျက်နှာတွင် အဆောင်ပိုင်ရှင်နှင့် အိမ်ရှင် အချို့က ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ သူနာပြုများကို ဆက်လက် လက်ခံထားရှိရန် ခွင့်မပြုတော့ကြောင်း အစရှိသဖြင့် ရေးသားမှုများ ရှိခဲ့သည်။

အဌားနေထိုင်သူ ဆရာဝန်၊ သူနာပြု အရေအတွက် ၅၀၀ ဦး ကျော် ရှိ၍ ၃၀၀ ဦး ကျော် သည် နေထိုင်ရေးအတွက် အခက်အခဲ ရှိနေကြောင်း ဒေါက်တာကျော်ဦး စာရင်းပြုစုမှု အချက်အလက် မှတ်တမ်းအရ သိရသည်။

မန္တလေးမြို့တွင် နေထိုင်ရေး အခက်အခဲဖြစ်နေသော ဆရာဝန်၊ သူနာပြုများ အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် အကူအညီပေးရန် ပြည်သူအချို့ နှင့် ဘုန်းကြီးကျောင်းတိုက် အချို့ က ဆက်သွယ် ကမ်းလှမ်းချိတ်ဆက်မှုများ ရှိကြောင်း မြို့ခံ အချို့ထံ မှသိရသည်။

ဘုန်းမြတ်