News

POST TYPE

LATEST NEWS POST

မင်းပြားတွင် AA လက်နက်အဖွဲ့ဝင် ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီး
26-Mar-2020
ရန်ကုန်၊ မတ် ၂၆

ရခိုင်ပြည်နယ်မင်းပြားမြို့နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၏နေရာကို မိုင်းထောင်ရန်ချဉ်းကပ်လာသည့် AA လက်နက်ကိုင်အဖွဲ့ဝင်၃ဦးကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရသိရသည်။

မတ်လ ၂၅ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ရာမောင်တံတား၏ အရှေ့တောင်ဘက် မီတာ ၃၀ဝ၀ ခန့်အကွာတွင် အခြေပြုစဉ် AA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးက ချဉ်းကပ်လာသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါနေရာကို သေးစိတ်စစ်ဆေးမှုများပြုလုပ်ရာတွင် အရပ်ဝတ် AA လက်နက်ကိုင်အလောင်း ၃ လောင်းကို မိုင်းထောင်ရာတွင် အသုံးပြုသည့် နှစ်ပင်လိမ်ဝိုင်ယာကြိုး ၃ ကိုက်ခန့် ၊ လက်ကိုင်ဖုန်း ၂လုံး ၊ လွယ်အိတ် ၁ လုံး ၊ ဖုန်းမှတ်တမ်းစာအုပ် ၁ အုပ်နှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူအဆိုပါ သိမ်းဆည်းရမိဖုန်းများအတွင်းမှ AA လက်နက်ကိုင်အဖွဲ့ဝင်များအချင်းချင်း ဆက်သွယ်ပြောဆိုထားသည့် မှတ်တမ်းများ ၊ မဟုတ်မမှန်ဝါဒဖြန့်ချိသည့် ဗီဒီယိုဖိုင်များနှင့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်းသိရသည်။

လက်ရှိတွင် အဆိုပါနေရာတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

S-04