News

POST TYPE

LATEST NEWS POST

ပဲခူးစက်မှုဇုန်မှ PPE ဝတ်စုံ တစ်သိန်း ကျန်းမာရေးမှတစ်ဆင့် ဖြန့်ဝေရန်စာချုပ်ချုပ်ဆို
26-Mar-2020


တောင်ငူ ၊ မတ်၂၆

ပဲခူးတိုင်းဒေသကြီး ပဲခူးစက်မှုဇုန်ရှိ စက်ရုံနှစ်ကြီးတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းသုံး PPE ဝတ်စုံတစ်သိန်းကို ကျန်းမာရေးဌာနမှတစ်ဆင့် ဖြန့်ချီရန် စာချုပ်ချုပ်ဆိုခဲ့သည်ဟု ပဲခူးစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှုး ဦးဟိန်းထက်က ပြောကြားသည်။

မတ်လ၂၅ ရက်နေ့ကမှ နှစ်ဘက်သဘောတူစာချုပ်ချုပ်ဆို‌ နိုင်ခဲ့တာပါ။ လက်တစ်လောဝတ်စုံ ၂၀,၀၀၀ ကို ဧပြီလ ၉ ရက်နေ့ ပေးသွင်းမယ်။ Mask တွေ ထုတ်လုပ်ပေးသွင်းဖို့ စက်ရုံနဲ့ညှိနေဆဲပါဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခင်က ပဲခူးတိုင်းဒေသကြီးအတွင်း ဖြန့်ချီရန် ကနဦးဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်း ပြည်တွင်းကိုဖြန့်ဖြူးနိုင်ရန် နှစ်ဖက်ညှိနှိုင်း‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ PPE ဝတ်စုံနှင့် Mask များကို လုံလောက်သည့် အနေထားရှိလာသည်အထိ ထုတ်လုပ်ပေးသွား
မည်ဖြစ်ကြောင်း ပဲခူးစက်မှုဇုန်မှသိရှိရသည်။

ပြည်တွင်းတွင် ကျန်းမာရေးသုံး ဝတ်စုံနှင့်အကာကွယ်များ ထုတ်လုပ်ပေးရန် ပြင်ဆင်နေသည့်အဆိုပါစက်မှုဇုန်ရှိ စက်ရုံနှစ်ရုံသည် မူလကတည်းက ကျန်းမာရေးလုပ်ငန်းသုံ PPE ဝတ်စုံနှင့်နှာခေါင်းစီး Mask များ ထုတ်လုပ်နေခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများသို့ တိုက်ရိုက်ရောင်းချနေခြင်းဖြစ်သည်။



"သာမန် ၉၀ ကျပ်လောက်တန်တဲ့မက်စ်ကို အခုဈေးကွက်မှာ ကျပ် ၅၀၀ နီးပါး ရောင်းနေတယ်။အလွယ်တကူလဲ
ရှာမရသလို လိုသလောက်လည်းမရပါဘူး။ဟန်းဂျယ် ပြဿနာကိုလည်း ဆက်လုပ်ပေးစေချင်တယ်"ဟု တောင်ငူဒေသခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

ဝူဟန်ကူးစက်မြန်ဗိုင်းရပ်စ်ပြသနာကို လုံးဝထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အတွက်ပဲခူးစက်မှုဇုန်သို့ နှစ်ကူးပြီး ပြန်လာသူ တရုတ်နိုင်ငံသားတိုင်းကို ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး ၁၄ ရက် စောင့်ကြည့်စစ်ဆေးမှုခံ ယူခိုင်းထားပြီးဖြစ်သည့်အတွက် 
စက်ရုံထုတ်ပစ္စည်းများကို စိုးရိမ်ဖွယ် မရှိချေ။

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန် အဆုတ်ရောင်ရောဂါသည် လက်ရှိ၌
ကမ္ဘာ့နိုင်ငံအများအပြားသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး လက်တ‌လောအနေအထားတွင် လူ‌ပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ပြီး WHO က ကမ္ဘာကပ်ရောဂါအဖြစ်သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

R-02