News

POST TYPE

LATEST NEWS POST

ထားဝယ်ကမ်းခြေများ တစ်လကျော်ပိတ်မည်
26-Mar-2020


ထားဝယ်၊ မတ် ၂၆

ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါကူးစက်ရောဂါ ပျံ့ပွားခြင်းမရှိစေရန် ထားဝယ်ခရိုင်အတွင်းရှိ လူအသွားအလာများသော ကမ်းခြေများကို မနက်ဖြန် မတ်လ ၂၇ ရက်နေ့မှစ၍ ပိတ်သိမ်းရန် အစိုးရကညွှန်ကြားလိုက်သည်။

ပိတ်သိမ်းလိုက်သော လောင်းလုံးမြို့နယ်အတွင်းရှိ နာမည်ကျော် မောင်းမကန်၊ စမ်းလှမ်း၊ တီဇစ်၊ ပညစ်၊ ဆင်ထောက်၊ ဖိုးဖိုးကျောက်၊ မြင်းခွာအော်၊ ပါရဒိုက် ကမ်းခြေများအပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေအားလုံးပါဝင်သည်။

မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

ရပ်ဝေးမှခရီးသွားများ လူစုလူဝေးဖြင့် လာရောက်မည်စိုးသောကြောင့် ထိုသို့ပိတ်သိမ်းရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက Dawei Watch သို့ပြောကြားသည်။

အဓိကအားဖြင့် ကမ်းခြေများတွင် ရောင်းချနေသောဆိုင်များ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် ဒေသခံရွာသားများ လုပ်ကိုင်စားသောက်ရန် ကမ်းခြေသို့သွားလာခြင်းကိုမူ တားမြစ်ခြင်းမရှိပေ။

Dawei Watch