News

POST TYPE

LATEST NEWS POST

"ဝ"အထူးဒေသ နယ်စပ်ဝင်ထွက်ပေါက်များ ယနေ့မှစ၍ ယာယီပိတ်မည်
26-Mar-2020
"ဝ" အထူးဒေသနှင့်မြန်မာ-တရုတ် နယ်စပ်ဂိတ်

ကျိုင်းတုံ၊မတ် ၂၆

UWSA "ဝ"အထူးဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရန် ယနေ့ မတ်လ ၂၆ ရက်နေ့ကစတင်ပြီး နယ်စပ်ဝင်ထွက်ပေါက်များကို ယာယီပိတ်မည်ဖြစ်ကြောင်း အဆိုပါအထူးဒေသ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောကြားသည်။

"ဂိတ်တွေအားလုံး ပိတ်ပါမယ်။ကုန်ပစ္စည်းတွေကို ကျွန်တော်တို့ "ဝ"ဂိတ်မှာပဲ အချိန်းအပြောင်းလုပ်ရမယ်။ ကားတွေလူတွေ ဝင်ခွင့်မပြုသေးဘူး" ဟု၎င်းကဆိုသည်။

"ဝ" အထူးဒေသနှင့်မြန်မာ-တရုတ် နယ်စပ်ဂိတ်

အထူးဒေသ(၂) "ဝ"ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ လက်ရှိအချိန်အထိ မတွေ့ရှိရသေးသော်လည်း အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း အဆိုပါအထူးဒေသ အဖွဲ့ထံမှသိရသည်။
"ဝ"အထူးဒေသ(၂)နည်းတူ MNDAA မိုင်းလားအထူးဒေသ(၄)သည်လည်း ၎င်းတို့၏ထိန်းချုပ် နယ်စပ်ဝင်ပေါက်များကို ယာယီပိတ်ထားပြီး ဝင်ထွက်သွားလာခြင်းများကို ခေတ္တရပ်ဆိုင်းထားကြောင်း ကျိုင်းတုံမြို့ဒေသခံများထံမှ သိရသည်။

R-12