News

POST TYPE

LATEST NEWS POST

ဘရာဇီးဘောလုံးကလပ်အသင်းလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ် ကိုလံဘီယာတွင် ပျက်ကျ
29-Nov-2016 tagged as နိုင်ငံတကာ

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၉

ဘရာဇီးနိုင်င်ငံမှ ဘောလုံးကလပ်အသင်းတစ်သင်းအပါအဝင် လူပေါင်း ၈၁ ဦးပါရှိသော လေယာဉ်တစ်စင်းသည် ကိုလံဘီယာအလယ်ပိုင်းဒေသတွင် ပျက်ကျသွားသည်ဟု ကိုလံဘီယာအရပ်ဘက်လေကြောင်းပို့ဆောင်ရေးအဖွဲ့က ယနေ့(အင်္ဂါနေ့)နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

လေယာဉ်ပျက်ကျသွားခြင်းကြောင့် လူပေါင်း မည်၍မည်မျှ ထိခိုက်ခဲ့သည်ကို အသေးစိတ်မသိရှိရသေးကြောင်း၊ ပျက်ကျသွားသည့်နေရာသို့ ကယ်ဆယ်ရေးအဖွဲကဝင်များသွားရောက်ကာ အသက်ရှင်လျက်ရှိနေနိုင်သူများကို ရှာဖွေလျက်ရှိကြောင်း ယင်းအဖွဲ့ကဆိုသည်။

လေယာဉ်ပေါ်တွင်လိုက်ပါသွားသော ဘရာဇီးဘောလုံးအသင်းမှာ Chapocoenese အသင်းဖြစ်သည်ဟု အာဏာပိုင်များကဆိုသည်။ 
ယင်းလေယာဉ်မှာ ခရီးသည်တင်လေယာဉ်ဖြစ်ပြီး ခရီးသည် စုစုပေါင်း ၇၂ ဦးနှင့် လေယာဉ်အမှုထမ်း ၉ ဦးပါရှိခဲ့သည်။