News

POST TYPE

LATEST NEWS POST

ဦးအောင်ဆန်းဦး အာဇာနည်ဗိမ္မာန်သို့ လာရောက်ကန်တော့
25-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သားတစ်ဦးဖြစ်သူ ဦးအောင်ဆန်းဦးသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖခင်အုတ်ဂူရှိရာ အာဇာနည်ဗိမ္မာန်သို့ လာရောက်ကန်တော့ခဲ့ကြောင်း ၎င်းနှင့် နီးစပ်တူများထံမှ သိရသည်။

ဦးအောင်ဆန်းဦးသည် အမေရိကားမှ မြန်မာနိုင်ငံသို့ ယင်းနေ့ နံနက်ပိုင်းက ရောက်ရှိလာပြီး အာဇာနည်ဗိမ္မာန်သို့ လာရောက်ကန်တော့ခြင်းလည်း ဖြစ်သည်။

ဦးအောင်ဆန်းဦးသည် အမေရိကန်နိုင်ငံသား ခံယူထားပြီး ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုတွင် နေထိုင်သူဖြစ်ပြီး ညီမဖြစ်သူ လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေအိမ်အမွေကိစ္စဖြင့် တရားရင်ဆိုင်ထားသူလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်က ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမှုကို အနောက်ပိုင်းခရိုင်တရားရုံးက နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သင့်ပြီး မြေ ၂ ဧကကို တစ်ယောက်တစ်ဝက်ခွဲယူရန် အမိန့်ချမှတ်ခဲ့သည့်အပေါ် ဦးအောင်ဆန်းဦးက မကျေနပ်သဖြင့် ပြည်ထောင်စုရုံးချုပ်သို့ ၂၀၁၈ အောက်တိုဘာတွင် ထပ်မံလျှောက်ထားခဲ့ပြီး အမှုရင်ဆိုင်နေဆဲ ဖြစ်သည်။



ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်နေ့ အခမ်းအနားသို့ တပ်မတော်တွင်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ဖူးသူများနှင့်ပတ်သက်ပြီး လေးလေးစားစား ဖိတ်ကြားသွားရန် အစီအစဉ်ရှိကြောင်းနှင့် ၁၉၄၈ ခုနှစ်တွင် စစ်ဦးစီးချုပ်တာဝန်ယူခဲ့သည့် ဗိုလ်ချုပ် စမစ်ဒွန်းမိသားစုကို ဖိတ်ကြားထားပြီးဖြစ်သည်ဟု ပြောဆိုထားသည့်အတွက် ဦးအောင်ဆန်းဦးသည်လည်း တပ်မတော်နေ့ အခမ်းအနားတွင် တက်ရောက်လာရောက်ခြင်းဖြစ်ကြောင်း ခန့်မှန်းမှုများလည်း ရှိနေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးမတိုင်မီ တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ကာ စစ်ဦးစီးချုပ်တာဝန်ယူခဲ့သူဖြစ်သည်။

MHS