News

POST TYPE

LATEST NEWS POST

ရှမ်းနီလူမျိုးများ နစ်နာမှုရှိနေပါက အကြောက်တရားမရှိ ရပ်တည်ပေးမည်ဟု ပါတီဥက္ကဌ ကတိပေး
23-Feb-2020
ရှမ်းနီပါတီဥက္ကဌ ဦးဌေးအောင် ။ဓါတ်ပုံ - ရှမ်းနီပါတီ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃

လက်နက်ကိုင်ပဋိက္ခများဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ရှမ်းနီလူမျိုးများ နစ်နာမှုရှိနေပါက အကြောက်တရားမရှိ ရပ်တည်ပေးမည်ဖြစ်ကြောင်း ရှမ်းနီပါတီဥက္ကဌ ဦးဌေးအောင်က ကတိပေးပြောကြားလိုက်သည်။

အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ကျင်းပပြုလုပ်သော ရှမ်းနီလူမျိုးများ ညှိနှိုင်းအထူးအစည်းအဝေးတွင် ဦးဌေးအောင်က ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ရှမ်းနီလူမျိုးများကိုယ်စား KIA လက်နက်ကိုင်အဖွဲ့ကို လူသစ်စုဆောင်းခြင်း မပြုရန် ၊ ဆက်ကြေးမကောက်ရန်၊ မိုင်းမထောင်ရန် နှင့် လူသတ်ခြင်းမပြုလုပ်ရန် တို့ကို KIA ဗဟိုကော်မတီနှင့် တွေ့ဆုံစဉ်ပြောဆိုထားကြောင်း ၎င်းကရှင်းပြသည်။

“ရှမ်းနီတွေကို အခြားတိုင်းရင်းသားတွေနဲ့ လူမျိုးရေးပြသာနာဖြစ်အောင် ဖန်းတီမှုတွေရှိနေတယ်” ဟုလည်း ၎င်းကဆိုသည်။

ရှမ်းနီလူမျိုးများသည် ပါတီထူထောင်စဉ်အချိန်ကလည်း ရွေးကောက်ပွဲဝင်၍ အနိုင်ရလျှင် ရှမ်းကြီးများနေရာပျောက်မည်ဟု သတင်းဖြန့်ကာ သွေးခွဲခြင်း ၊ ရှမ်းနီလူမျိုးများနှင့် ကချင်လူမျိုးအကြား လူမျိုးရေးအမုန်းတရားကြီးအောင် ဖန်းတီးခြင်းအပြင် ယခုရက်ပိုင်းအတွင်း ရှမ်းနီ နှင့် နာဂလူမျိုးများ လူမျိုးရေးပဋိက္ခ ဖြစ်အောင်ဖန်းတီးခြင်းများ ပြုလုပ်ခံနေရကြောင်း ဦးဌေးအောင်က ထပ်လောင်းပြောကြားသည်။

ရှမ်းနီတိုင်းရင်းသားများ နိုင်ငံရေးသမားများက ၂၀၁၂ ခုနှစ်တွင် တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ ရွေးကောက်ပွဲဝင်ရန် ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် ရှမ်းနီပါတီ နှင့် ရှမ်းနီသွေးစည်းညီညွှတ်ရေးပါတီ (S.S.P) ဟူ၍ နှစ်ဖွဲ့ကွဲသွားကြသည်။

MHS