News

POST TYPE

LATEST NEWS POST

လှည်းကူးမြို့နယ် အမြန်လမ်းအနီးတွင် ဘင်္ဂါလီ ၇၀ ဦးခန့် ဖမ်းမိ
23-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ အမြန်လမ်းအနီးရှိ တောထဲတွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ တရားမဝင် ခိုးဝင်ရောက်လာသော ဘင်္ဂါလီ ၇၀ ဦးခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စုရှိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅ အနီးရှိ လမ်းဘေးတောအုပ်ထဲတွင် ဖေဖော်ဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ တရားမဝင် ခိုးဝင်ရောက်လာသော ဘင်္ဂါလီ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့သည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၉ ရက်က အဆိုပါ တောအုပ်အတွင်းမှ ဘင်္ဂါလီ ၅၄ ဦးကို ဖမ်းမိခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်က ဘင်္ဂါဘီ ၁၄ ဦးကို ထပ်မံဖမ်းမိခဲ့သောကြောင့် သုံးရက်အတွင်း ဘင်္ဂါလီ ၇၀ ဦးခန့်ကို ဖမ်းမိခဲ့ကြောင်းနှင့် ၎င်းတို့အား စစ်ဆေးရာ ရန်ကုန်သို့ ပို့ဆောင်ပေးသည့် ပွဲစားဖြစ်သူမှ တောထဲတွင် ယာယီနေထိုင်ခိုင်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖမ်းမိသည့် ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ကျောက်တော်နှင့် မောင်တောမြို့နယ်တို့၌ နေထိုင်သူများဖြစ်ပြီး လူခေါ်ပွဲစားမှ ၎င်းတို့အား မလေးရှားသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး လှည်းကူးမြို့မရဲစခန်းမှ လ.ဝ. အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03