News

POST TYPE

LATEST NEWS POST

အမြန်လမ်းတွင် တက္ကစီတစ်စီးမှောက် ၊ တစ်ဦးသေဆုံး
23-Feb-2020
ဓာတ်ပုံ-မင်းသူ(ERT)

တောင်ငူ ၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၈ အနီးတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က တက္ကစီတစ်စီး တိမ်းမှောက်ကာ အမျိုးသားတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

"ဒဏ်ရာရသူတွေထဲမှာ နှစ်ဦးက စိုးရိမ်ရတယ်။ ကားက မန္တလေးဘက်ကနေ ရန်ကုန်ဘက်အလာမှာ မှောက်တာပါ။ ဒဏ်ရာရတဲ့သူတွေကို တောင်ငူဆေးရုံ ပို့ထားတယ်" ဟု တောင်ငူမြို့ခံ လူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ နံနက်က ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ဦးနေဇော် (၃၃ နှစ်) မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသမီး တစ်ဦး၊ အမျိုးသား သုံးဦး လိုက်ပါလာသည့် တက္ကစီသည် မိုင်တိုင် ၁၅၈ အနီးတွင် ဘယ်ဘက်ဘီးပေါက်ကာ အရှိန်လွန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ သာဂရ အမြန်လမ်းရဲတပ်ဖွဲ့က ယာဉ်(ပ)၃/၂၀၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေသည်ဟု အဆိုပါ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                   

R-02