News

POST TYPE

LATEST NEWS POST

ထိုင်းချေးငွေဖြင့် ထိုင်း-မြန်မာ ထီးခီး နှစ်လမ်းသွားကားလမ်း ဖောက်လုပ်မည်
21-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ထိုင်း-မြန်မာနယ်စပ် ထီးခီးအထိ အဆင့်မြှင့်တင်ဖောက်လုပ်မည့် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံထံမှ ချေးငွေရယူဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

အဆိုပါစီမံကိန်းသည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကနဦးစီမံကိန်း နှင့် ပင်မစီမံကိန်းဟု အပိုင်းနှစ်ပိုင်းခွဲထားသည့် ကနဦးစီမံကိန်း၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ယင်း စီးပွားရေးဇုန်ထံမှသိရသည်။

အထူးစီးပွားရေးဇုန်တွင် အဓိကကျသည့် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ချေးငွေရယူရန် စီစဉ်ထားပြီး လမ်းဖောက်လုပ်ရန် နည်းပညာပိုင်းဆိုင်ရာလေ့လာခြင်းများ ပြုလုပ်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ထိုင်းနိုင်ငံရှိ အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးရေးအေဂျင်စီ (NEDA) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ချေးငွေသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီးပါက တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထိုသို့ နှစ်လမ်းသွားကားလမ်းဖောက်လုပ်ရန် တင်ဒါခေါ်ယူပြီးက လမ်းဖောက်လုပ်ခြင်းကို ၆ လအတွင်းတွင် စတင်မည်ဖြစ်ပြီး တည်ဆောက်ချိန် ၃ နှစ်ခန့်ကြာမြင့်နိုင်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။     

J-03