News

POST TYPE

LATEST NEWS POST

ကျောက်ကြီးတွင် နွားလှည်းမောင်းသူတစ်ဦး သစ်ပင်နှင့်တိုက်မိရာမှ သေဆုံး
20-Feb-2020
ဓာတ်ပုံ-ရဲတပ်ဖွဲ့ 

တောင်ငူ၊ဖေဖော်ဝါရီ၂၀ 

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု ငါးဗြတ်အင်းကျေးရွာအနီး လှည်းလမ်းပေါ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်နေ့ ၇ နာရီခွဲခန့်က နွားလှည်းမောင်းသူအမျိုးသားတစ်ဦး သစ်ပင်နှင့်တိုက်မိကာ သေဆုံးခဲ့သည်ဟု ကျောက်ကြီးမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါနေ့နံနက်က ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု ငါးဗြတ်အင်းရွာ လှည်းလမ်းရှိ သစ်ပင်တစ်ပင်နှင့် နွားလှည်းကြားညှပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ ကြိမ်တောမြောင်ရွာမှ အသက် ၅၇ နှစ်အရွယ် မော်တကယ်ဆိုသူဖြစ်ပြီး ညာဘက်နံရိုးတွင်ရသည် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ကျောက်ကြီးမြို့မရဲစခန်းထံမှ သိရှိရသည်။ 

အဆိုပါလူသေမှုနှင့်ပတ်သက်၍ ကျောက်ကြီးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁။၂၀၂၀ အရအမှုဖွင့်ထားပြီး ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနေသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။

R-02