News

POST TYPE

LATEST NEWS POST

ကန်တော်နဒီဆေးရုံကို ကူးစက်ရောဂါလူနာ ညွှန်းပို့ဆေးရုံအဖြစ်သတ်မှတ်
20-Feb-2020


မန္တလေး၊ ဖေဖော်ဝါရီ ၁၉

မန္တလေးမြို့ ကန်တော်နဒီဆေးရုံကို ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ (Epidemic Prone Disease) ဖြစ်ပွားပါက သီးခြားထားရှိ ကုသရန်အတွက် ညွှန်းပို့ဆေးရုံ (Designated Hospital) အဖြစ် ပြင်ဆင်ထားရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ယင်းဆေးရုံတွင် ဝူဟန်မှပြန်လာသော ကျောင်းသားများကို စောင့်ကြည့်မှုပြီးစီးသွားသော်လည်း တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာများ ထားရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ ကန်တော်နဒီဆေးရုံကို ကူးစက်ရောဂါများဖြစ်ပွားပါက လူနာသီးခြားထားရှိကုသရန်အတွက် ညွှန်းပို့ဆေးရုံ (Designated Hospital) အဖြစ်သတ်မှတ်ပြီး အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit-ICU) နှင့် သီးခြားထားရှိကုသဆောင် (Isolation Ward) များအဖြစ် ပြင်ဆင်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းဆေးရုံတွင် ဝူဟန်မြို့မှ ပြန်ရောက်လာသည့် မြန်မာကျောင်းသားများကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ စောင့်ကြည့်လူနာအဖြစ်ထားရှိပြီး ၁၆ ရက်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့သည်။

S-02