News

POST TYPE

LATEST NEWS POST

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလောင်မှုဖြစ် ၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးသေဆုံး
20-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်ရှိ နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး နှစ်ဦးနှင့် ကလေး တစ်ဦး သေဆုံးသွားကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"အဆောက်အအုံက အရေးပေါ်နောက်ဖေးလှေကားမရှိဘူး။ထွက်ပေါက်လည်း မရှိဘူး။အဲဒါကြောင့် မီးခိုးမွှန်ပြီး သေဆုံးတယ်လို့ ယူဆတယ်။ မီးလောင်ရသည့်အကြောင်းအရင်းကတော့ မသိရသေးဘူး"ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်းရှိ ပထမထပ်တိုက်ခန်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက် ၁၁ နာရီ ၅၀မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကာ မီးငြှိမ်းသတ်ယာဉ် ၁၀ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ  ၁၂ နာရီ ၁၇ မိနစ်၌  မီးငြိမ်းသတ်နိုင်ခဲ့ပြီး  Level 1 အဖြစ် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

J-04