News

POST TYPE

LATEST NEWS POST

လူမှုကွန်ရက်ပေါ်မှ အဆိပ်အတောက်ရေးသားဖော်ပြနေမှုများကို တင်းကျပ်စွာ ထိန်းချုပ်ရန် မာ့ခ်ဇူကာဘတ် ဆော်သြ
17-Feb-2020


နယူးယောက်၊ ဖေဖော်ဝါရီ ၁၆

အန္တရာယ်ပေးနိုင်သော အွန်လိုင်းပေါ်မှ ရေးသားတင်ဆက်နေမှုများကို လုပ်ထုံးလုပ်နည်းများဖြင့် စောင့်ကြည့်ရန်အတွက် Facebook ၏ ပိုင်ရှင်မာ့ခ်ဇူကာ ဘာ့ဂ်ကဆော်သြလိုက်သည်။

တရားဝင် လွတ်လပ်စွာပြောရေးဆို ခွင့်ဆိုသည့်ကိစ္စမှာ ၄င်းတို့၏ကုမ္ပဏီများက ဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်ပါကြောင်းလည်း ဇူကာဘတ်က ပြောဆိုခဲ့သည်။ 

တအားတင်းကျပ်စွာ ထိန်းချုပ်ထားခြင်းသည်လည်း ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်း၏ ထုတ်ဖော်တင်ပြခြင်းကို ပိတ်ပင်ရာရောက်ကြောင်း တရုတ်ကို ကိုးကားလျက် မစ္စတာဇူကာဘတ်က ဆိုသည်။ 

ဂျာမနီနိုင်ငံတွင်ပြုလုပ်သော မြူးနစ်လုံခြုံရေးညီလာခံတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ 

သတင်းတု သတင်းမှားများ ပျံ့နှံ့ နေခြင်းနှင့်ပတ်သက်၍ Facebook ကဲ့သို့ သော လူမှုကွန်ရက်မီဒီယာတို့ ဖိအားများနှင့် ကြုံနေရသည်။ 

နိုင်ငံရေးကြော်ငြာများ မူဝါဒနှင့် ပတ်သက်ပြီး Facebook သည် ဝေဖန်မှုများနှင့် ကြုံနေရလျက် ရှိပေသည်။ 

Facebook သည် ၂၀၁၈ တွင် နိုင်ငံ ရေးကြော်ငြာများ ထည့်သွင်းခြင်းမူဝါဒကို အမေရိကန်ပြည်ထောင်စုအတွက် ချမှတ်ခဲ့ကာ ယခုနှစ်တွင် တစ်ကမ္ဘာလုံးသို့ သက်ရောက်စေမည့်မူချမှတ်ခဲ့သည်။

စည်းမျဉ်းအသစ်အရ နိုင်ငံရေး ကြော်ငြာများအနေနှင့် မည်သူက ပိုက်ဆံပေးသည်ဆိုသည်ကို အများပြည်သူမြင်သာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကာ ကြော်ငြာကို ခုနစ်နှစ်တာအချိန်အတွင်း ပြန်လည်ရှာဖွေနိုင်မည့် အချက်အလက် Database ထဲ ထည့်ပေးရမည် ဖြစ်သည်။ 

ကုမ္ပဏီ၏ လွတ်လပ်စွာပြောရေးဆိုခွင့် မူဝါဒအရ နိုင်ငံရေးသမားများ တင် နေသည့်အကြောင်းအရာများကို အမြဲတမ်း အချက်အလက်စစ်ဆေးနေမည်တော့မဟုတ်ကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။

AI ကို အသုံးပြုကာ နေ့စဉ် Account အတု တစ်သန်းခန့်ကို ဖယ်ရှားနေပါကြောင်း Facebook က ပြောကြားသည်။

F-02