News

POST TYPE

LATEST NEWS POST

သိမ်ဖြူဈေး ရေမြောင်းအမှိက်များကို Clean Yangon က ဒုတိယအကြိမ် ရှင်းလင်း
16-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူဈေးရှိ ရေမြောင်းအတွင်း စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိက်များကို Clean Yangon အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များအပါအဝင် စိတ်ပါဝင်စားသူ ၃၀၀ ကျော်တို့က ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ရှင်းလင်းခဲ့ကြသည်။

အဆိုပါ သိမ်ဖြူဈေးရှေ့ ရေမြောင်းအမှိက်များကို နံနက် ၇ နာရီမှ ၁၁ နာရီအထိ ၄ နာရီကျော်ကြာ ရှင်းလင်းခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း Clean Yangon မှ တာဝန်ခံ ကိုထူးမြတ်အောင်က ပြောကြားသည်။

“ဒီနေ့ကတော့ လူအင်အားများတော့ အခက်အခဲတော့မရှိဘူး။ ထိခိုက်ဒဏ်ရာရရှိသူတွေတော့ရှိတယ်။ အမှိုက်တွေ သယ်ဖို့အတွက်လဲ မြို့နယ်စည်ပင်က ကားတွေနဲ့ ဝိုင်းကူညီပေးပါတယ်”ဟု ၎င်းက ဆိုသည်။

သိမ်ဖြူဈေးရှိ ရေမြောင်းအတွင်း စည်းကမ်းမဲ့စွန့်ပစ်အမှိက်များရှင်းလင်းခြင်းကို Clean Yangon အဖွဲ့သားများအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အနုပညာရှင်များ၊ နာရေးကူညီမှုအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပရဟိတအဖွဲ့များနှင့် ပရဟိတကို စိတ်ပါဝင်စားသူများမှ ပါဝင်ပူးပေါင်းခဲ့ကြသည်။

S-05