News

POST TYPE

LATEST NEWS POST

ချစ်သူနှင့် အဆင်မပြေဟုဆိုကာ ကြိုးဆွဲချ သေဆုံး
27-Jan-2020
တောင်ငူ၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ ဆွာတောင်ပိုင်းအုပ်စု ၄/က ရပ်ကွက်နေ အမျိုးသားတစ်ဦး ချစ်သူနှင့် အဆင်မပြေဟုဆိုကာ ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီခန့်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဆွာမြို့နယ်မြေရဲစခန်းထံမှ သိရသည်။

“မိသားစုဝင်တွေ ပြောဆိုချက်အရ သမီးရည်းစားကိစ္စ အဆင်မပြေဘူးလို့ သိရတယ်။ ခြံထဲက အမြင့် ၁၅ ပေခန့်ရှိတဲ့ သရက်ပင်မှာ ကြိုးဆွဲချသေဆုံးနေတာကို မနက်ကျမှ သိခဲ့တာပါ” ဟု ဆွာ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းနေထိုင်ရာ ဆွာမြို့ နေအိမ်ခြံဝင်းထဲရှိ သရက်ပင်တွင် ဇန်နဝါရီ ၂၄ ရက် နံနက်က ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်စောင့်ဆိုင်းနေသူတစ်ဦးလည်းဖြစ်ကြောင်း အဆိုပါ မိသားစုဝင်များ၏ ထွက်ဆိုချက်ကို ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုနှင့် ပတ်သက်ပြီး ဆွာမြို့ နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၀ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်ထားသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။

R-15